မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေး

 


ချမ်းမြသာစည်  ၊မတ်  ၃၀

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် MEC ၊  Denko နှင့် BOC ၊ အရောင်းဆိုင်များတွင် ပြည်သူများ ဆီအလုံအလောက်ရရှိစေ​ရေး၊ စက်သုံးဆီ ပုံမှန်ရောင်းချပေးနိုင်ရေး၊ PO (Purchase order) များ အလုံအလောက်ရရှိစေ​ရေး၊  မော်တော်ယာဥ်များအား စက်သုံးဆီချွေတာသုံးစွဲရေး၊ မလိုအပ်ဘဲ ဆီများ သိုလှောင်းခြင်း မပြုလုပ်ရန်၊  ပြည်သူများကလည်း စနစ်တကျတန်းစီရန်နှင့် စက်သုံးဆီတန်းစီမှုလျော့ကျစေရန်အတွက် Dispenser များ၊ QR code ဖတ်သည့် ဝန်ထမ်းများထားရှိရန် စသည်တို့ကို မှားကြားကာ အလှူရှင်များ လှူဒါန်းသည့် သောက်ရေသန့်ဘူးများ ထားရှိပေးခဲ့​ပြီး စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စက်သုံးဆီတန်းစီမှုလျော့ကျစေရေး ကြပ်မတ်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)