မတ် - ၁၆ ( တနင်္လာနေ့ )
ခရစ်ယာန်ဘာသာရေးဆိုင်ရာ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး လီယို ၁၆ က အမေရိကန်–အစ္စရေးတို့၏ အီရန်ကို စစ်ရေးအရတိုက်ခိုက်မှုအပေါ် ချက်ချင်း အပစ်ရပ်ရန် တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှုဖြင့် ဒေသတည်ငြိမ်ရေးကို ဘယ်တော့မှ မရနိုင်ကြောင်း အမေရိကန်နိုင်ငံသားဖြစ်သူ ပုပ်ရဟန်းမင်းကြီးက သတိပေးပြောကြားခဲ့ပါတယ်။
ဗာတီကန်ရှိ စိန့်ပီတာစ့် ရင်ပြင်တွင် တနင်္ဂနွေနေ့က အပတ်စဉ် ကျင်းပတဲ့ အိန်ဂျယ်လက်စ် ဆုတောင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ပြီး၊ အရှေ့အလယ်ပိုင်းဒေသတွင် လူများခံစားနေရသော “ကြောက်မက်ဖွယ် အကြမ်းဖက်မှု” ၂ ပတ်တာကာလကို ရှုတ်ချခဲ့ပါတယ်။
“တိုက်ခိုက်မှုများကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ကျွန်ုပ်၏ ဆုတောင်းခြင်းနှင့် အနီးကပ်အားပေးမှုကို ထပ်မံပေးပို့လိုပါတယ်။ အဲ့ဒိ တိုက်ခိုက်မှုများက ကျောင်းများ၊ ဆေးရုံများ နဲ့ လူနေအိမ်ရာ များကို ထိခိုက်စေခဲ့ပါတယ်” လို့ ရဟန်းမင်းကြီး လီယိုက ပြောကြားခဲ့ပါတယ်။
ပုပ်လီယို၁၆က ပဋိပက္ခတွင် ပါဝင်နေတဲ့ ဘက်အားလုံးအား တိုက်ခိုက်မှုများကို ရပ်တန့်ပြီး “ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းများ” ကို ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးက လေကြောင်း တိုက်ခိုက်မှု တွေ လုပ်နေတဲ့ လက်ဘနွန်နိုင်ငံမှာလည်း စိုးရိမ်ရတဲ့ အခြေအနေများ ဖြစ်ပေါ်နေပါတယ် လို့ ပြောကြားခဲ့ပါတယ်။ “လူသားတွေ မျှော်လင့်တောင်းတနေကြတဲ့ တရားမျှတမှု၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အကြမ်းဖက်မှုဖြင့် ဘယ်တော့မှ မရနိုင်ပါ” လို့ ပြောကြားခဲ့သလို တနင်္ဂနွေနေ့မှာပဲ ရောမမြို့က ဘုရားကျောင်းတစ်ခုသို့ သွားရောက်စဉ်မှာ ပဋိပက္ခများကို စစ်ပွဲဖြင့် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အတွေးအမြင်ကိုက “အဓိပ္ပါယ်မရှိသော အရာ” လို့ ထပ်မံ ရှုတ်ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ အီရန်နဲ့ ဆွေးနွေးညှိနှိုင်းစရာ မရှိဘူး၊ အီရန်က ချွင်းချက်မရှိလက်နက်ချဖို့ပဲ လိုတယ်လို့ သူ့ရဲ့ ထရုသ် ဆိုရှယ်မီဒီယာအကောင့်မှာ ရေးတင်ထားပါတယ်။
အီရန်ဘက်ကလည်း အမေရိကန်တပ်ဖွဲ့များ အရှေ့အလယ်ပိုင်းဒေသမှ မထွက်ခွာမချင်း ငြိမ်းချမ်းရေး မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment