ပုဇွန်တောင်၊ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူလေးများ ယာဥ်အန္တရာယ်ကင်းရှင်း စေရေးအတွက် မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲလာရောက် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ်များ၊ လမ်းသွား/လမ်းလာမော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ် လမ်းကြောပိတ်ဆို့မှုမဖြစ်ပွားစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်တိုက်မှု မဖြစ်ပွားစေရေး စာမေးပွဲကာလအတွင်း နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
#News #MNP



No comments:
Post a Comment