Pages

Pages

ဖိလစ်ပိုင်မှာတော့ ကုမ္ပဏီတွေကို တစ်ပတ်အလုပ်ဆင်းရက်ကို ၄ ရက်ပဲထားဖို့ တိုက်တွန်းလိုက်ပြီ



မတ် - ၁၀ ( အင်္ဂါနေ့ ) 

အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် လောင်စာဆီဈေးတက်ခြင်းရဲ့ အကျိုးသက်ရောက်မှု ကို တားဆီးရန် အစိုးရက တစ်ပတ်ကို အလုပ်ဆင်းရက် ၄ ရက်ပဲ ထားဖို့  ပုဂ္ဂလိက ကုမ္ပဏီများ အား တိုက်တွန်းထားပါတယ်။ 

အထက်လွှတ်တော်အမတ် ဖရန်စစ်အက်ကူဒီယို က သမ္မတ ဖာဒီနန်မားကို့စ် အား စွမ်းအင်ကုန်ကျစရိတ် လျှော့ချရန်အတွက် အမှုဆောင်ဌာနခွဲရုံးများကို မတ် ၉ ရက်မှစတင်ကာ တစ်ပတ်အလုပ်ဆင်းရက် လုပ်ပေးရန် အကြံပြုပြီးနောက် လွှတ်တော်မှာ အဆိုပြုချက်ကို တင်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ 

အက်စ်ကူဒီယို ရဲ့ အဆိုပြုချက်မှာ နေ့စဉ် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို လျှော့ချခြင်းဖြင့် လည်ပတ်မှု ကုန်ကျစရိတ် သက်သာခြင်း၊ အလုပ်သမားများအား သက်သာရာရစေခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆုံးရှုံးသွားသော အခွင့်အလမ်း ပီဆိုဘီလီယံပေါင်းများစွာကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ 

“အခြေအနေ ပိုဆိုးလာရင် နိုင်ငံရဲ့ ခံနိုင်ရည်အားကို အားကောင်းစေမယ်လို့ ကျနော်တို့ မျှော်လင့်ထားသလို စောစောစီးစီး လုပ်ဆောင်ထားတာက အခြေအနေဆိုးတွေကို တာဆီးထားနိုင်မှာပါ” လို့ ဆိုပါတယ်။  “အထူးသဖြင့်  ပုဂ္ဂလိကကဏ္ဍက စီးပွားရေးလုပ်ငန်းကြီးတွေက စီစဉ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အစိုးရဝန်ကြီးဌာနတွေမှာ အရေးပေါ်မလိုအပ်တဲ့ ဝန်ကြီးဌာတွေဖြစ်တဲ့ ယဉ်ကျေးမှု၊ အားကစား၊ လူမှုဝန်ထမ်း၊ ပညာရေးဆိုင်ရာရုံးတွေကို အလုပ်ခွင် လာစရာမလိုအောင် လုပ်ထားနိုင်ရင် စွမ်းအင်ချွေတာမှုက ထိရောက်နိုင်တယ်”လို့ ဆိုပါတယ်။ 


REF: The Nation

#News #MNP

No comments:

Post a Comment