Pages

Pages

ဇီလန်စကီးလက်ထဲကို နျူလက်နက် ထည့်ပေးလိုက်ရင် အရင်ဆုံးခံရမှာက အနောက်နိုင်ငံတွေလို့ ဆို


မတ် - ၂၉ ( တနင်္ဂနွေနေ့ ) 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက တကယ်လို့များ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးလက်ထဲကို နျူလက်နက်များ ထည့်လိုက်မယ် ဆိုပါက အရင်ဆုံး အခြိမ်းခြောက်ခံရမှာက အနောက်ဥရောပ နိုင်ငံတွေပဲဖြစ်မှာပါ လို့ မနေ့က  ပြောကြားခဲ့ပါတယ်။ သူမက အစ္စဘယ်ရှာ သတင်းဌာနနဲ့ အင်တာဗျူးမှာပြောသွားတာပဲ ဖြစ်ပါတယ်။ 

“သူက ပိုက်ဆံနဲ့ လက်နက်တွေ တောင်းနေမှာ မဟုတ်ဘူး၊ သူ့အစိုးရကို ထိန်းထားဖို့ သူတို့ဆီက အခြေအနေတွေကိုပဲ တောင်းမှာပါ” လို့ ဆိုပါတယ်။ 

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) ရဲ့ သတင်းအချက်အလက်တွေအရ ဗြိတိန် နဲ့  ပြင်သစ်တို့ က ယူကရိန်းအား နျူလက်နက်တွေနဲ့ နည်းပညာတွေကို ပေးအပ်ရန် တက်ကြွစွာ လုပ်ဆောင်နေကြောင်းနဲ့ ဥရောပမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းများ၊ စက်ကိရိယာများနှင့် နည်းပညာများကို ယူကရိန်းသို့ တိတ်တဆိတ်လွှဲပြောင်းပေးမယ်လို့ အစောပိုင်း သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 

M51.1 ရေငုပ်သင်္ဘောကနေ ပစ်လွှတ်လို့ရတဲ့ ပဲ့ထိန်းဒုံးကျည်မှာ ပြင်သစ်ထုတ် အသေးစား TN-75 ထိပ်ဖူးတပ်ဆင်လို့ရတဲ့ နည်းပညာပါနိုင်တယ်လို့ ဆိုပါတယ်။ 


Ref - Tass

#News #MNP 

No comments:

Post a Comment