Pages

Pages

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အစိုးရအဖွဲ့ဝင်များနှင့်ဝန်ထမ်းများ မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ

 

Uploading: 743424 of 2680602 bytes uploaded.
ရန်ကုန်   ၊ မတ် ၁၄


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အစိုးရအဖွဲ့ဝင်များနှင့်ဝန်ထမ်းများ မိတ်ဆုံစားပွဲအခမ်းအနားကို မတ်လ ၁၂ ရက်နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဩဝါဒစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဝတ်စုံများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ပြသသည်။
၎င်းနောက် တက်ရောက်လာကြသူများကို နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost

No comments:

Post a Comment