Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းစွာဖြေဆိုလျက်ရှိ




မြောက်ဥက္ကလာပ၊ မတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၅ ခု ဖွင့်လှစ်၍ ယနေ့  နံနက် ၉ နာရီအချိန်တွင် မြန်မာစာဘာသာရပ်အား စတင်၍ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော် မတီဥက္ကဋ္ဌ ဦးမိုးသူ နှင့် တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြောက်ဥက္ကလာမြို့နယ်၌  ၂၀၂၅- ၂၀၂၆ ပညာ သင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန ၄ ခုအတွင်း ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၆၅၈ဦးရှိရာ ယနေ့ မြန်မာစာဘာသာအား လာရောက် ဖြေဆိုသူကျောင်းသား ၊ ကျောင်း သူ  ၂၅၂၀ ဦး ၊ ပျက်ကွက် ကျောင်းသား၊ ကျောင်း သူ ၁၃၈ ဦး ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းဖြစ်သဖြင့် ပျက်ကွက် ရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်း ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

အဆိုပါ၂၀၂၅ -၂၀၂၆ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ၊   မြို့နယ်ပညာရေးမှူး ၊ ကြီးကြပ် ရေးမှူးများ ၊ဌာနဆိုင်ရာတာ၀န်ရှိသူများ ၊  ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် တာ၀န်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး 

#News #MNP

No comments:

Post a Comment