Pages

Pages

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ China- SCO Digital Economy Cooperation Pilot Zone “Going Global” Cooperation and Exchange Conference အခမ်းအနားသို့ ပါဝင်တက်ရောက်




ပေကျင်း၊ မတ် ၁၀

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် တွင် တရုတ်နိုင်ငံ၊ တီရန်ကျင်းမြူနီစီပယ်ပါတီကော်မတီနှင့် တီရန်ကျင်းမြူနီစီပယ်အစိုးရတို့မှ စီစဉ်၍ တီရန်ကျင်းမြို့ရှိ Airport Economic Zone Investment Service Centre ၌ ကျင်းပခဲ့သော China- SCO Digital Economy Cooperation Pilot Zone “Going Global” Cooperation and Exchange Conference အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ အခမ်းအနား၌ တီရန်ကျင်းပင်းဟိုင်မြို့သစ်ပြည်သူ့အစိုးရ (People’s Government of Tianjin Binhai New Areas) ၊ တီရန်ကျင်းမြူနီစီပယ်အချက်အလက်ဌာန (Tianjin Municipal Data Bureau) ၊ တရုတ်နိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission - NDRC) တို့မှ ဒုတိယအကြီးအကဲများ တက်ရောက်၍ အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး တီရန်ကျင်းဆိပ်ကမ်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊  Industrial and Commercial Bank of China (ICBC) ဘဏ်နှင့် အခြားသော နည်းပညာကုမ္ပဏီတို့မှ ပညာရှင်များအပါအဝင် တရုတ်နိုင်ငံရှိ SCO အဖွဲ့ဝင်နိုင်ငံ၊ သံရုံးများမှ ကိုယ်စားလှယ်များနှင့် သံတမန်များ စုစုပေါင်း ၁၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment