Pages

Pages

ပေါင်မြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆို







ပေါင်၊ မတ်  ၁၁

၂၀၂၅-၂၀၂၆  ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ(၁၁) ရက်‌နေ့တွင်နိုင်ငံတစ်ဝှမ်း၌ မြန်မာစာ ဘာသာရပ်  ပထမနေ့  ကို တစ်ပြိုင်နက်တည်း  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (  ၉၆.၂၇ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် (အထက)ပေါင်၊ (အထက)ဇင်းကျိုက်၊ (အထက) မုတ္တမ  စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မြန်မာစာ ဘာသာရပ် ဖြေဆိုခွင့်ရှိသူ (၈၀၄)ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ(၇၇၄)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၄)၊လေကြောင်းရန်ကာကွယ်ရေးနှင့်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်းပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

#News #MNP

No comments:

Post a Comment