Pages

Pages

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အသစ်က ခန့်အပ်လွှာ လာရောက်ပေးအပ်



နေပြည်တော်၊ မတ် ၃၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Mr. Barnaby Jones က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌  ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ ၁၃ ၃၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

ခန့်အပ်လွှာ ပေးအပ်သည့်အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 


#MNP #News

No comments:

Post a Comment