Pages

Pages

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး









ထားဝယ်၊ ဧပြီ ၁၀

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်( ၂၀ )ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်( ၁ )ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း (၂၈)ဦးနှင့် လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြား၍ တက်ရောက်သည့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီး(၂)ဦး၊ တိုင်းဒေသကြီးဥပဒေချုပ် (၁)ဦး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်(၁)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး(၂)ဦး၊ လေ့လာသူ (၁၄)ဦး၊ မီဒီယာ (၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦး ရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့သဖြင့် (၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်သည့်အတွက် တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပဉ္စမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၅ နှင့် ၂၀၁၃ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ တို့အရ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီး(၂)ဦးတို့က လွှတ်တော်အစည်းအဝေးခန်းမအတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment