Pages

Pages

မိုးပျံတံတားအောက်က ဓာတ်ဆီဆိုင်မီးလောင်လို့ တံတားတစ်စင်းလုံး မီးတောက်တွေ၊ မီးခိုးတွေနဲ့ ဖုံးလွမ်းသွား



ဧပြီ - ၇ ( အင်္ဂါနေ့ ) 

ပနားမားနိုင်ငံ ဘော်ဘိုအာ၊ ဘာဘိုကာ က မိုးပျံတံတားအောက်က ဓာတ်ဆီဆိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုက အလွန်ကြီးမားလွန်းလို့ တံတားပေါ်မှာဖြတ်သွားတဲ့ ကားတွေကို မီးတောက်ကြီးတွေက ဖုံလွှမ်းမှုဖြစ်ခဲ့သလို မီးခိုးလုံးကြီးကလည်း တံတားတစ်ခုလုံး အုပ်မိုးသွားခဲ့ပါတယ်။ 

အဲ့ဒိပေါက်ကွဲမှု ဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာတွေပေါ်မှာ ပလူပျံသွားပါတယ်။ နိုင်ငံ၏ အရေးကြီးဆုံး သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတစ်ခုဖြစ်တဲ့ တံတားပေါ်မှာ ယာဉ်ကြောအသွားအလာ ချက်ခြင်း ရပ်သွားပါတယ်။ ပေါက်ကွဲမှုက တံတားပေါ်တွင် တိုက်ရိုက်မထိခိုက်ပေမဲ့ မီးလောင်ကျွမ်းမှုရဲ့ အရှိန်ကြောင့် တံတာရဲ့ ကြံ့ခိုင်ရေးကို ထိခိုက်သွားစေနိုင်ပါတယ်ဆိုတဲ့ စိုးရိမ်မှုများ ပိုလာပါတယ်။ 

 ပနားမားမီးသတ်တပ်ဖွဲ့က ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၂ မိနစ်ခန့်တွင် အရေးပေါ်သတင်းထုတ်ပြန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ ဝန်ထမ်းများက ထရပ်ကားအများအပြား လောင်ကျွမ်းသွားတာကို တွေ့ခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှု ထပ်မံမပြန့်ပွားစေရန် မီးသတ်သမားများက မီးငြှိမ်းသတ်နေချိန်တွင် စခန်းအများအပြားမှ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအတွင်း ဒုတိယအဆင့် မီးလောင်ဒဏ်ရာရရှိသူနှစ်ဦးကို ကယ်ဆယ်ခဲ့ပြီး မီးသတ်သမားများက ကုသပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်များသည် အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပိတ်မိနေနိုင်ခြေရှိသူကို ရှာဖွေလျက်ရှိပါတယ်။ မီးလောင်မှုကို ငြှိမ်းသတ်နေစဉ် လူတစ်ဦး သေဆုံးပြီး မီးသတ်သမား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment