Pages

Pages

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား  တွေ့ဆုံပွဲကို ယမန်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များမှ အသီးသီးလက်ခံရယူကြသည်။ 

ယင်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက ပြည်သူ့ စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏  တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား  ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    


#MNP #News 

No comments:

Post a Comment