Pages

Pages

မြန်မာနိုင်ငံ၏ ၁၁ဦးမြောက် သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတကာမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့



နေပြည်တော်၊ ဧပြီ ၃

နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် နိုင်ငံတကာက ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီးပေးပို့ထားသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ဧပြီ၃ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၄၂၉မဲ)ဖြင့် မဲအများဆုံးရရှိပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ဦးညိုစောက (၁၂၆)မဲဖြင့် ဒုတိယသမ္မတ(၁)၊ ဒေါ်နန်းနီနီအေးက ၂၉မဲဖြင့် ဒုတိယသမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးခြယ်တင်မြှောက်မှု ရလာဒ်များ ကြေညာပြီးသည်နှင့် ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များမှလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတ ဖြစ်သည်။


#MNP #News

No comments:

Post a Comment