Pages

Pages

တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

     


တံတား  ၊ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉) နာရီက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌‌ရေးဆရာမဦးဆောင်၍ ဝန်ထမ်းများက အပတ်စဉ်သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ ရာသီတုပ်ကွေးနှင့် ဖျားနာခြင်းများအတွက် ဆေးဝါးကုသ‌ပေးခြင်းစသည့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာ ယနေ့တွင်ဘိုးဘွား (၂၀) ဦး လာရောက်ဆေးကုသစစ်ဆေးမှုခံယူခဲ့ကြသည်။

ထိုသို့လုပ်ဆောင်ပေးခြင်းကြောင့် စားဝတ်နေ‌‌ရေးအတွက် ရုန်းကန်နေရသော မိသားစုများအနေဖြင့် မိမိတို့၏မိဘဘိုးဘွားများအား ပြင်ပဆေးရုံဆေးခန်းများတွင် မတတ်နိုင်၍ အိမ်တွင်းဆေးမှီးတိုဖြင့် ကုသဆောင်ရွက်ခဲ့ရသော အခက်အခဲများမှ လွတ်မြောက်ခဲ့ရကြောင်းနှင့် ယခုလိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော ဆရာမကြီးနှင့် တကွဝန်ထမ်းများကိုလည်း ကျေးဇူးတင်လျက်ရှိကြောင်း ဆေးကုသစစ်ဆေးမှု ခံယူသော ပြည်သူတစ်ဦးထံမှသိရသည်။


လှိုင်သူဇာ

 https://t.me/MyanmarNationalPost                   

No comments:

Post a Comment