နေပြည်တော်၊ ဧပြီလ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဧပြီလ ၁ ရက်နေ့ ၁၄၃၅ အချိန် ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလုံတစ်(ခ)စိုင်းပုံ(၅၂)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ မတ်လ ၃၀ ရက်နေ့ ၁၃၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ပင်လုံ - မော်ဟဲကျေးရွာသွားလမ်းတွင် အောင်ကျော်ကျော်(ခ)ဖိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ခြင်းတောင်းများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈,၄၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၂၆ သိန်း)နှင့် မြန်မာငွေကျပ် ၁ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်ကျော်(ခ) ဖိုးအောင်(၄၄)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment