Pages

Pages

ယူကရိန်းသားတွေကို နေစရာမပေးတော့ဘူးလို့ အိုင်ယာလန်အစိုးရ ပြောပြီ


ဧပြီ - ၂၁ ( အင်္ဂါနေ့ ) 

အိုင်ယာလန်အစိုးရသည် ယူကရိန်း ရွှေ့ပြောင်းနေထိုင်သူများအတွက် အစိုးရမှ ပေးထားတဲ့ နေရာထိုင်ခင်းများကို တစ်နှစ်အတွင်း ရပ်ဆိုင်းရန် ရည်မှန်းထားပြီး ၎င်းတို့ကို နေရပ်ပြန်ပို့ရန်အတွက် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း အိုင်ယာလန် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာဝန်ကြီး ကော်မ် ဘရိုဖီက ပြောကြားခဲ့ပါတယ်။ 

၂၀၂၂ခုနှစ် ရုရှား - ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစ၍ ယူကရိန်းနိုင်ငံသား ၁သိန်းကျော်ကို အိုင်ယာလန် က လက်ခံထားပြီး နေထိုင်ခွင့်ပေးထားပါတယ်။  ၂၀၂၂  ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၆ ခုနှစ် မတ်လ အကြားတွင်၊ အိုင်ယာလန်အစိုးရက ယူကရိန်းသား တစ်ဝက်ကျော်နေထိုင်နိုင်ဖို့အတွက် အိမ်ရာတွေဆောက်လုပ်ပေးရာ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ကုန်ကျခဲ့ပါတယ်။ အိုင်ယာလန်က ယူကရိန်းကို  နိုင်ငံရေး၊ လူသားချင်းစာနာမှု၊ စီးပွားရေးနှင့် မသေစေနိုင်သော စစ်ဘက်ဆိုင်ရာ အကူအညီများအတွက် ယူရိုသန်း ၄၀၀ နီးပါးကို ပေးခဲ့ပါတယ်။ 

စနေနေ့ကထုတ်လွှင့်တဲ့ တိုင်းမ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘရိုဖီ က လာမည့် ၁၂ လအတွင်း နိုင်ငံတော်မှ ပေးဆောင်ထားတဲ့ နေရာထိုင်ခင်းများကို ဖယ်ရှားရန် အတွက် အိုင်ယာလန်အစိုးရအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

“အခွန်ထမ်းတွေအနေနဲ့ ဒေါ်လာသန်းပေါင်းများစွာကို ဘာကြောင့် ပေးဆောင်ရမလဲဆိုတဲ့ မေးခွန်းတွေ မေးလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တခြား အီးယူနိုင်ငံတွေက အဲဒါကို ပံ့ပိုးပေးတာမျိုး မရှိပါဘူး”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ကို အစိုးရအဆင့်တွင် အပြီးသတ် မဆောင်ရွက်နိုင်သေးကြောင်းကိုလည်း ဆိုပါတယ်။  

ဘရိုဖီ ရဲ့ အဆိုအရ၊ အိုင်ယာလန်အစိုးရအနေနဲ့ ယူကရိန်းနိုင်ငံသားများကို အိမ်ပြန်နိုင်ရန် အားပေးဖို့အတွက် “ရက်ရောသော” ငွေကြေးမက်လုံးများပေးပြီး ကမ်းလှမ်းရန်လည်း စဉ်းစားနေပါတယ်။ 

ဥရောပ စာရင်းဇယားများအဖွဲ့ ယူရိုစတက်ရဲ့ အဆိုအရ ခန့်မှန်းခြေအားဖြင့် ယူကရိန်းနိုင်ငံသား ၄ သန်းခွဲ နီးပါးက ဥရောပ တစ်ဝှမ်းတွင် ယာယီနေထိုင်ခွင့်ရထားတယ်လို့ သိရပါတယ်။ မကြာသေးမီလများအတွင်း ပိုလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီတို့က ယူကရိန်းရွှေ့ပြောင်းနေထိုင်သူများအတွက် လူမှုရေးအစီအစဉ်များကို ပိတ်ပင်တော့မယ် လို့ သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment