Pages

Pages

အီရန်ကို ကျောက်ခေတ်ပြန်ရောက်သွားအောင် ဗုံးကျဲပစ်မယ်လို့ အစ္စရေး ပြော


ဧပြီ - ၂၅ ( စနေနေ့ ) 

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် က အီရန်ကို ဗုံးကြဲ တိုက်ခိုက်ဖို့ နဲ့ စစ်ဆင်ရေးတွေ ပြန်စဖို့အတွက် အမေရိကန်ရဲ့ အချက်ပြမှုကို စောင့်ဆိုင်းနေတယ်လို့ ပြောလိုက်ပါတယ်။ 

အလားအလာရှိတဲ့ အီရန် - အမေရိကန် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုရဖို့ အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုကို ဆက်လက်ထိန်းသိမ်းထားပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အင်္ဂါနေ့တွင် အကန့်အသတ်မရှိ သက်တမ်းတိုး ပြီးနောက် အခုလိုမျိုး ဝန်ကြီးကပြောလိုက်တာပဲ ဖြစ်ပါတယ်။ 

“အစ္စရေးဟာ အီရန်ကို စစ်တိုက်ဖို့ ပြင်ဆင်နေပါတယ်။ ခါမေနီမင်းဆက်ကို အပြီးသတ် သုတ်သင်ဖို့နဲ့ အီရန်ကို အမှောင်ခေတ်နဲ့ ကျောက်ခေတ်ဆီ ပြန်ပို့ဖို့ အမေရိကန်ပြည်ထောင်စုက မီးစိမ်းပြဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်”လို့ ကတ်ဇ်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ အီရန်ရဲ့ အဓိက စွမ်းအင်ဆိုင်ရာ အဆောက်အအုံများနှင့် စီးပွားရေး အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းဖြင့် အီရန်ကို ကျောက်ခေတ်ရောက်သွားအောင်လုပ်မယ်လို့ သူက ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

အစ္စရေး-အမေရိကန်တို့ရဲ့ တိုက်ခိုက်မှု ပထမနေ့မှာပဲ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ နဲ့  မိသားစုဝင် အများအပြား သေဆုံးခဲ့ပါတယ်။ သူ့ရဲ့သား မိုဂျတာဘာ ခါမေနီက သူ့အဖေရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။ 

“ကျောက်ခေတ်” ဟူသော ဝေါဟာရကို ထရမ့်က ဧပြီလ ၁ ရက်နေ့တွင် စတင်အသုံးပြုခဲ့ပြီး ၂ဘက်တိုက်ပွဲတွေက ၅ ပတ်ခန့်ကြာခဲ့ပါတယ်။ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ပိုမိုတင်းကျပ်ထားတဲ့ နျူကလီးယားဆိုင်ရာ ကန့်သတ်ချက်များကို သဘောတူညီချက် မရဘူးဆိုရင် အမေရိကန်တပ်ဖွဲ့များက အီရန်ကို “ကျောက်ခေတ်သို့ ပြန်လည်ပို့ဆောင်လိုက်မယ် ”လို့ သတိပေးခဲ့တာပါ။ 


REF: RT

#MNP #News

No comments:

Post a Comment