Pages

Pages

ချမ်းမြသာစည်မြို့နယ်၌ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ်(၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက သောင်းသောင်း ဖြဖြကြိုဆိုဂုဏ်ပြု



ချမ်းမြသာစည်   ၊ဧပြီ  ၂၄

သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ရပ်မိရပ်ဖများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြုလုပ်ကျင်းပသည်။

“နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး အချုပ်အခြားအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁/၂၀၂၄) တွင် မိမိတို့ဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) ပြည်သူ့စစ်မှုထမ်းများဖြစ်သည့် ကိုသန့်ဇင်နိုင် (ဘ) ဦးဖိုးမှူး၊ ကိုချစ်ဦး(ဘ)ဦးဖိုးမှူး၊ ကိုထက်ဝေ(ဘ)ဦးမြင့်စိုးတို့အား အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ရှိလူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက အောင်သပြေခတ်၊  အဆို၊ အကတို့ဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့သည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးမြင့်သိန်းက နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်း(၃)ဦးအား တစ်ဦးလျှင် ငွေကျပ် ငါးသိန်းခွဲနှင့် ဆန်တစ်အိတ် စုစုပေါင်း ငွေကျပ် ၁၆ သိန်းခွဲနှင့် ဆန်သုံးအိတ် ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပြီး လာ‌ရောက်ဂုဏ်ပြုသူများအား‌ ​ရေခဲမုန့်၊ ကိတ်မုန့်များနှင့် ဧည့်ခံ‌​ကျွေးမွေး၍ ညပိုင်းတွင်လည်း အဆိုအကများဖြင့် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလင်းသစ်

https://t.me/MyanmarNationalPost

No comments:

Post a Comment