Pages

Pages

ဟောမုဇ်ရေလက်ကြားကနေ ပထမဆုံး ဂျပန်ရေနံတင်သင်္ဘော ထွက်ခွင့်ရ



ဧပြီ - ၃၀ ( ကြာသပတေးနေ့ ) 

ဂျပန်ကုမ္ပဏီ အီဒီမစ်စု နဲ့ ချိတ်ဆက်ထားတဲ့ ရေနံစိမ်းတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီးနောက် ဂျပန်သို့ ထွက်ခွာလာနေလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်-အစ္စရေးတို့ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေး စတင်ချိန်မှစပြီး ပါရှန်ပင်လယ်ကွေ့မှ ပထမဆုံး ထွက်ခွာခွင့်ရခဲ့တဲ့ ဂျပန် တိုက်ရိုက် ရေနံတင်သင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဆိုပါသင်္ဘော အီဒီမစ်စု မာရူ ကို ဂျပန်ရေနံချက်လုပ်ငန်းကုမ္ပဏီ အီဒီမစ်စုကိုဆန် ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း  ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီ က ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉ ရက်) တွင် သူမရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ ( ယခင်တွစ်တာ ) မှာ ပို့စ်တင်ခဲ့ပါတယ်။ ဂျပန်ရေနံတင် သင်္ဘောတစ်စင်းက ရေလက်ကြားကို ရှင်းလင်းပြီး ဂျပန်ဘက်သို့ ရွက်လွှင့်လာခဲ့ကြောင်း သူမကရေးသားခဲ့ပါတယ်။  

တာကိုင်ချီက “ဂျပန်နိုင်ငံသားများကို အကာအကွယ်ပေးရေး” အပါအဝင် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်ဆိုခဲ့ပြီး “သင်္ဘောအားလုံး” သည် အဓိက ရေနံသယ်ယူပို့ဆောင်ရေး ရေလမ်းကို “လွတ်လပ်စွာ လုံခြုံစွာ” ဖြတ်သန်းနိုင်ရေးအတွက် အီရန်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ 

ပါရှန်ပင်လယ်ကွေ့တွင် ဂျပန်နှင့် ဆက်နွှယ်တဲ့ သင်္ဘော အစီး ၄၀ ကျော် ရှိနေသေးတယ် ။ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောခြေရာခံ ဝက်ဘ်ဆိုက် ရဲ့ အဆိုအရ အခုထွက်လာတဲ့သင်္ဘောက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ဂျပန်စံတော်ချိန် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် အာရေဗျပင်လယ် မြောက်ပိုင်းတွင် ရှိနေကြောင်း သိရပါတယ် ။ ၎င်းသည် ဂျပန်နိုင်ငံအလယ်ပိုင်း နာဂိုယာသို့ သွားမှာဖြစ်ပြီး  အီရန်နိုင်ငံပိုင်မီဒီယာကလည်း ရေနံတင်သင်္ဘောသည် ရေလက်ကြားဖြတ်သွားကြောင်း ဖော်ပြခဲ့ပါတယ်။ 

အီဒီမစ်စု မာရူ သည် ဆော်ဒီအာရေးဗီးယားမှ ရေနံစိမ်းစည်ပေါင်း ၂ သန်းကို သယ်ယူနေကြောင်း၊  ရေနံတင်သင်္ဘောသည် အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ မြို့တော် အဘူဒါဘီတွင် တစ်ပတ်ကြာ ကျောက်ချရပ်နားခဲ့ကြောင်း ၊ တနင်္လာနေ့တွင် ထွက်ခွာကာ အီရန်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း နဲ့ မကြာသေးမီက ချမှတ်ထားတဲ့ အီရန်ရဲ့ ဖြတ်သန်းခ အခကြေးငွေကို ပေးဆောင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရပါတယ်။ 


REF: The Nation

#MNP #News

No comments:

Post a Comment