ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်









ပဲခူး၊ ဧပြီ ၁၂

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့နယ်အတွင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ ၌ နွေစပါးစိုက်ပျိုးရေလုံလောက်စွာရရှိစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အိုးဘိုချောင်း အရှည်မိုင်(၁.၉၅)မိုင်အား ရေကြောင်းရှင်းလင်းခြင်းနှင့် နုန်းဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြောင်းရှင်းလင်းခြင်းနှင့် နုန်းဖော်ခြင်းလုပ်ငန်းသည် နွေစပါးစိုက်ပျိုး ရေလုံလောက်စွာရရှိနိုင်ခြင်းအပြင် မိုးရာသီ ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရန် ရည်ရွယ်ဆောင် ရွက်ပေးခြင်းဖြစ်၍ ချောင်းရိုးတစ်လျောက် ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်ရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိအသုံးပြုရန်၊ ရာသီသီးနှံပင်များစိုက်ပျိုးသွားရန်၊ နွေစပါးသည် ရေသွင်းရေထုတ်စနစ် မှန်ကန်စွာဆောင် ရွက်နိုင်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ပဲခူးမြို့နယ်၊ ပဲခူးမြစ်တာ၊ တာမိုင်(၄/၀)မှ(၅/၀)အတွင်း (အောက်စီတီး-အရှေ့ကျေးရွာ) တာပုံစံကျပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်တာများသည် ရေကြီးရေလျှံမှု ကို ကာကွယ်သည့်အပြင် ကျေးရွာချင်းဆက်လမ်းအဖြစ်လည်း အသုံးပြုနေသည့် တာများဖြစ်၍ တာများ၏ ကြံ့ခိုင်မှုကိုစဉ်ဆက်မပြတ် စစ်ဆေးရန်၊ တာဘောင်တစ်လျှောက် ကျူးကျော်လူထိုင်မှုမရှိ စေရေးနှင့် သတ်မှတ်ထားသည့် လမ်းများကိုသာ တာဘောင်နှင့် ချိတ်ဆက်အသုံးပြုသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)