Pages

Pages

ဒေါ်နယ်ထရမ့်တစ်ယောက် လုပ်ကြံခံရမှုကနေ လွတ်သွားပြန်ပြီ




ဧပြီ - ၂၆ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတ ဂျေဒီဗန့်စ် နဲ့ အခြားအကြီးတန်းအရာရှိများပါဝင်တဲ့ အိမ်ဖြူတော် ညစာစားပွဲတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးအခြေအနေအရ အခန်းတွင်းမှ အမြန်ထွက်ပြေးသွားခဲ့ရပါတယ်။ 

ကယ်လီဖိုးနီးယားအခြေစိုက် ကျောင်းဆရာ အသက် ၃၁ နှစ်အရွယ် ကိုးလ်သောမတ်အလန် က ဝါရှင်တန် ဟေလ်တန် ဟိုတယ်ရှိ လျှို့ဝှက်စစ်ဆေးရေးဂိတ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးနောက် လုံခြုံရေးများ နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

နောက်ပိုင်းမှာ သံသယရှိသူကို လုံခြုံရေးများက ပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။ လျှို့ဝှက်ဝန်ဆောင်မှု အေးဂျင့်တစ်ဦး ကျည်ဆန်ထိမှန်ခဲ့ပေမဲ့ ကျည်ကာအင်္ကျီကြောင့် ဒဏ်ရာကြီးကြီးမားမား မရခဲ့ကြောင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

တရားခံရဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိရသေးပေမဲ့ စစ်ဆေးချက်တွေအရ အလန်က ထရမ့်ရဲ့ လုံခြုံရေး အစောင့်တွေကို တိုက်ခိုက်ချင်လို့ တိုက်ခိုက်တာလို့ ပြောပါတယ်။ ထရမ့်ကတော့ သူ့ရဲ့ လျှို့ဝှက် ၀န်ဆောင်မှု ဝန်ထမ်းတွေကို ချီးကျူးခဲ့ပြီး "အလွန်ကောင်းမွန်သောအလုပ်" ကို " လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ဆောင်ခဲ့တယ်” လို့ ဆိုပါတယ်။ နောက်ပြီး သမ္မတရာထူးဆိုတာ အလွန်အန္တရာယ်များတဲ့ အလုပ်ဖြစ်ပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေ အတွက် အမေရိကန်က ခုခံနိုင်စွမ်း မရှိဘူးလို့လည်း ပြောပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment