Pages

Pages

လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင် ဝိသာခါဖောင်ဒေးရှင်းမှလှူဒါန်းသော ကျပ်သိန်း(သုံးထောင်)တန်ဖိုးရှိ Oxygen plant ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ



လှိုင်သာယာ(အရှေ့ပိုင်း)  ၊ ဧပြီ ၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊  ဝိသာခါဖောင်ဒေးရှင်းမှဦး‌ဆောင်၍ ရဟန်ရှင်လူပြည်သူအများနှင့်အတူ စုပေါင်းလှူဒါန်းသော ကျပ်သိန်း (သုံးထောင်)တန်ဖိုးရှိ Oxygen plant ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ၌ ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်ပွဲကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ဝိသာခါဖောင်ဒေးရှင်းနာယက ဒေါက်တာ ဝင်းမင်းသစ်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာစုလှဟန်က Liquid Oxygen teit လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာရဲကျော်စီက ကျေးဇူးတင်စကားပြောကြားပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ရူပါစိုးက လှူဒါန်းသော ကျပ်သိန်း(သုံးထောင်)တန်ဖိုးရှိ Oxygen plant ဂုဏ်ပြုမှတ်တမ်းလွှာအား ဝိသာခါဖောင်ဒေးရှင်း အလှူရှင်များအား ပေးအပ်လျက်ရှိသည်။

အဆိုပါ အခမ်းအနားသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ပြည်သူ့ဆေးရုံရှိဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/ဆရာဝန်မများ၊ ဆရာ/ဆရာမများ၊ ဝိသာခါဖောင်ဒေးရှင်းမှ အလှူရှင်များနှင့်တာဝန်ရှိသူတို့က Oxygen plant ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး လှည့်လည်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ

https://t.me/MyanmarNationalPost

No comments:

Post a Comment