နေပြည်တော်၊ မေ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM : သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မြန်မာနိုင်ငံတွင် မေလ ၆ ရက်အထိနေထိုင်၍ အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည် ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment