Pages

Pages

ပြီးခဲ့တဲ့လက ကူဝိတ်အစိုးရမှာ ဝင်ငွေ တစ်ပြားမှ မရရှိခဲ့


မေ - ၄ ( တနင်္လာနေ့ ) 

အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့တဲ့ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲနောက်ပိုင်း ကူဝိတ်က ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့တစ်လလုံး ရေနံတစ်စည်မှ မရောင်းချနိုင်ခဲ့ကြောင်း  သင်္ဘောတင်စောင့်ကြည့်မှု အချက်အလက်များအရ သိပါတယ်။  

အမေရိကန်တပ်ဖွဲ့ဝင် ၁သောင်းခွဲ နီးပါး လက်ခံထားတဲ့ ကူဝိတ်က အရှေ့အလယ်ပိုင်မှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပါတယ်။ ကူဝိတ်သည် ယခင်က တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၂.၇ သန်း ခန့်ထုတ်လုပ်ခဲ့ပြီး အကြမ်းဖျင်းအားဖြင့် ၁.၈၅ သန်း ကို နိုင်ငံခြားကို တင်ပို့ရောင်ချခဲ့ပြီး တင်ပို့မှုအများစုမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့အပါအဝင် အာရှဈေးကွက်များသို့ တင်ပို့တာပဲ ဖြစ်ပါတယ်။ 

ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်နဲ့ အမေရိကန်ဘက်ကပါ ပိတ်ဆို့လိုက်ပြီးနောက်  ဧပြီလ ၁၇ ရက်နေ့ မှာ ကူဝိတ်ရေနံကော်ပိုရေးရှင်းသည် ရေနံစိမ်း တင်ပို့မှုများကို ဆိုင်းငံ့ထားရန် ကြေညာခဲ့ပါတယ်။ ရေနံက ကူဝိတ်နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေ GDP ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ရေနံတင်ပို့မှုကနေ အစိုးရဘတ်ဂျက် ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်ပေးထားပါတယ်။   

၂၀၂၆ ခုနှစ် မေလအစောပိုင်းတွင် ကူဝိတ်၏ ရေနံထွက်ရှိမှုသည် တစ်ရက်လျှင် စည်ပေါင်း ၁.၂သန်းခန့် အထိ ကျဆင်းသွားခဲ့ကြောင်း CNBC သတင်းဌာနက က ဖော်ပြခဲ့ပါတယ်။ ရေနံတင်သင်္ဘောစောင့်ကြည့်ရေး အဖွဲ့ရဲ့ အချက်အလက်များအရ ကူဝိတ်သည် ရေနံစိမ်းများ ဆက်လက်ထုတ်လုပ်နေပေမဲ့ ဧပြီလအတွင်းမှာ နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment