Pages

Pages

လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက် (၁၀) မှ ပြည်သူများအား စုစုပေါင်း သောက်သုံးရေ (၁၈၀၀) ဂါလန် သွားရောက်လှူဒါန်း

 


လားရှိုး  ၊ မေ ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ရပ်ကွက် (၁၀) ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ (၁၈၀၀) ဂါလန်အား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်သည်။

ထိုသို့ သွား‌ရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးသီရိသွယ်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် (၁၀) နယ်မြေ (၉) ရှိ သောက်သုံးရေ လိုအပ်လျက်ရှိသည့် စုစုပေါင်းလူဦးရေ (၃၀၀) ဦးတို့အတွက် သောက်သုံးရေ စုစုပေါင်း (၁၈၀၀) ဂါလန်အား  သောက်သုံးရေ လိုအပ်လျက်ရှိသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

လူမော်

https://t.me/MyanmarNationalPost

No comments:

Post a Comment