Pages

Pages

မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ




ချုံချင့်၊ မေ ၁၄

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်အား ၁၂-၅-၂၀၂၆ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၀၃:၀၀ နာရီတွင် ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံအစိုးရ၏ မူဝါဒနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ချုံချင့်မြူနီစီပယ် အစိုးရ၊ နိုင်ငံခြားရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်မှ ချုံချင့်မြို့သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ ဆက်လက် ဆောင်ရွက်သွားမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေဖြင့် အစဉ်ထောက်ခံကြိုဆိုပါကြောင်းနှင့် ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ 

ထို့ပြင်ကောင်စစ်ဝန်ချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် နိုင်ငံတော်အစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် မူဝါဒများနှင့်အညီ ကောင်စစ်ဝန်ချုပ်ရုံးမှလည်း ချုံချင့်မြူနီစီပယ် အစိုးရနှင့်နီးကပ်စွာ လက်တွေ့ကျသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ပညာသင်ဆုများ ပေးအပ်နိုင်ရေးကိစ္စ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment