Pages

Pages

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၊ တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ဆေးတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့က ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်သူများအတွက် လုံခြုံစိတ်ချရသော အစားအသောက်များ ရရှိသုံးစွဲနိုင်ရေးမှာကြားပြီး ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး-တောင်ကြီး လူနာလက်ခံကြိုဆိုရေးဌာန၌ Software ဖြင့် လူနာစာရင်းသွင်းမှု၊ လူနာများအား ကုသပေးနေမှုနှင့် တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း၌ လက်တွေ့သင်ကြားနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ တောင်ကြီးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ကုသရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိုးရာသီ၌ ဖြစ်ပေါ်နိုင်သော ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှု တိုးတက်စေရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကလောမြို့နယ် ဟဲဟိုးတိုက်နယ်ဆေးရုံ သရက်ပုကျေးလက်ကျန်းမာရေးဌာန၌ AHA Centre မှ လှူဒါန်းထားသည့် အဆောက်အအုံနှင့် ဝက်ဖြူရေ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး မှာကြားသည်။


#MNP #News

No comments:

Post a Comment