မေ - ၄ ( တနင်္လာနေ့ )
အနောက်အာဖရိကမှ အပျော်စီးသင်္ဘောပေါ်မှာ ခရီးသည်သုံးဦးသည် ဟန်တာဗိုင်းရပ်စ်သံသယဖြင့် သေဆုံးခဲ့ပြီး အနည်းဆုံး သုံးဦးကတော့ ဆေးကုသမှု ခံယူနေရကြောင်း သင်္ဘောပေါ်တွင်ပါရှိသည့် ဆရာဝန်များက ဒီနေ့ မနက်မှာ ပြောသွားပါတယ်။
ဟွန်ဒီးယက်စ် ပင်လယ်ကူး အပျော်စီးသင်္ဘော သည် လက်ရှိတွင် ကိတ်ပ်ဗာဒီ ကမ်းလွန်တွင် ရှိနေပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတက်နေတယ်လို့ ဒတ်ခ်ျခရီးသွားကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ခရီးသည် ၃ ဦး သေဆုံးခဲ့ကြောင်း၊ ခရီးသည်တစ်ဦးသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်က အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေပြီး အမှုထမ်းနှစ်ဦးမှာ အရေးပေါ်ဆေးကုသမှု လိုအပ်နေကြောင်း ၎င်းကဆိုပါတယ်။
ကိတ်ပ်ဗာဒီမြို့က ကျန်းမာရေးတာဝန်ရှိသူများသည် သင်္ဘောပေါ်ရှိ ဟန်တာဗိုင်းရပ်စ်ရောဂါလို့ သံသယရှိသူနှစ်ဦး ကို အကဲဖြတ်ခဲ့ပေမဲ့ ၎င်းတို့အား ဒေသဆိုင်ရာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများသို့ လွှဲပြောင်းပေးရန် မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။
ဟန်တာဗိုင်းရက်စ် က ပြင်းထန်စွာဖျားနာပြီး သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစုတစ်ခုဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများထံမှ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးသည် ကြွက်များ၊ ကြွက်များကဲ့သို့သော တွင်းအောင်းသတ္တဝါများ နဲ့ ထိတွေ့ခြင်း၊ ၎င်းတို့ရဲ့ ဆီး၊ မစင် နဲ့ တံတွေးတို့ကို ထိတွေ့ခြင်းအားဖြင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသော ကြွက်နှင့် ထိတွေ့ပြီးနောက် တစ်ပတ်မှ ရှစ်ပတ်အတွင်း ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပြီး နောက်တွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချမ်းတုန်ခြင်းနှင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းဗိုက်နာခြင်းကဲ့သို့သော ဝမ်းဗိုက်ပြဿနာများ ဖြစ်ပေါ်လာကြောင်း ရောဂါထိန်းချုပ်ရေး ဌာနက ပြောပါတယ်။
“ရှားပါးပေမဲ့ ဟန်တာဗိုင်းရပ်စ်က လူ နဲ့ ရောဂါသယ်ဆောင်တဲ့ အကောင်တွေကြားမှာ ပျံ့နှံ့နိုင်ပြီး ပြင်းထန်သောအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ကာ ဖျားနာနိုင်တာမို့လို့ ဂရုတစိုက်စောင့်ကြည့်မှု၊ ပံ့ပိုးမှုနှင့် တုံ့ပြန်မှုများ လိုအပ်တယ်”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ပြောကြားခဲ့ပါတယ်။
REF: UPI
#News #MNP

No comments:
Post a Comment