Pages

Pages

အကြမ်းဖက်သူပုန်တွေနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဆူဒန်စစ်ဘက်ခေါင်းဆောင်များ ပြော




မေ - ၁ ( သောကြာနေ့ ) 

စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံမှ စစ်ဘက်ခေါင်းဆောင်များက သူပုန်တပ်ဖွဲ့များနဲ့ ဆွေးနွေးမှုမှန်သမျှကို ပယ်ချခဲ့ပြီး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်မှာ သူတို့ရဲ့ သဘောထားတင်းမာမှုကို ပြသလိုက်ပါတယ်။ 

စစ်ဦးစီးချုပ်ဟောင်းများနှင့် စစ်ဦးစီးချုပ်အဖွဲ့ဝင်များကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဆူဒန်စစ်တပ်အကြီးအကဲနှင့် အချုပ်အခြာအာဏာကောင်စီ အကြီးအကဲ အယ်လ်ဘာဟန် က ပြည်သူ့စစ်လို့နာမည်ပေးထားပြီး သူပုန်ထနေတဲ့ အဖွဲ့တွေကို ပြတ်ပြတ်သားသား ချေမှုန်းနိုင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

 သူပုန်များ သို့မဟုတ် ၎င်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့ များ နဲ့ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မည် မဟုတ်ကြောင်း၊ ဒီလို ပုန်ကန်မှုကြောင့် အိပ်မက်ဆိုးများ မက်နေရတဲ့အရပ်သားများကို ကာကွယ်ရန် တာဝန်တစ်ရပ်အဖြစ် တိုက်ပွဲတွေကို အနိုင်တိုက်ဖို့ ကျနော်တို့ ကတိကဝတ်ပြုပါတယ်လို့ ပြောသွားပါတယ်။ 

ဆူဒန်စစ်တပ် (SAF) နဲ့ အမြန်ထောက်ပို့တပ်  (RSF) တို့ကြား အာဏာရရှိရေး ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလတွင် ဆူဒန်နိုင်ငံက ပြည်တွင်းစစ်ထဲသို့ ကျရောက်သွားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ဆူဒန်နိုင်ငံအတွင်း လူပေါင်း ၆ ဒသမ ၈ သန်း အပါအဝင် ပဋိပက္ခများကြောင့် လူ ၁၂ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီး ၄ ဒသမ ၅ သန်းမှာ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment