အီရန်က ယူရေနီယံတွေကိုလည်း သိမ်းယူမယ်လို့ ထရမ့်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က ယူရေနီယံတွေကိုလည်း သိမ်းယူမယ်လို့ ထရမ့်ပြောပြီ


မေ - ၁၁ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ၎င်းရဲ့အဓိကတောင်းဆိုချက်တစ်ခုဖြစ်တဲ့ အီရန်ရဲ့ ယူရေနီယံသိုလှောင်မှုကို “တစ်ချိန်ချိန်တွင်” သိမ်းဆည်းမယ်လို့ ပြောပါတယ်။ 

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် သတင်းထောက် က အီရန်နိုင်ငံနဲ့ စစ်ပွဲအခြေအနေက ဘယ်အဆင့်ကို ရောက်ရှိသွားပြီလဲလို့ မေးတာကို ထရမ့်က အမေရိကန်အနေနဲ့ အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ် ပစ္စည်းများ ကို မထိန်းချုပ်နိုင်သေးကြောင်း ပြောသွားပါတယ်။ 

“ဟုတ်ပါတယ်။ ကျနော်တို့ လုပ်ချင်တာအတွက် အချိန်တစ်ခုပေးရလိမ့်မယ်။ ကျနော်တို့ ထောက်လှမ်းမှုတွေကို လုပ်နေတယ်။ ကျနော်တို့က အာကာသတပ်ဖွဲ့ကို ဖွဲ့ထားပြီးသွားပြီ။ အီရန်မှာရှိတဲ့ ယူရေနီယံနဲ့ ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေကို တစ်ယောက်ယောက်က လာပြီချဉ်းကပ်ပြီ ဆိုတာနဲ့ ကျနော်တို့က အဲ့ဒါတွေကို ပစ်ချပစ်မှာပါ” လို့ပြောပါတယ်။ အမေရိကန်က အီရန်ရဲ့ နျူကလီးယားလက်နက်တီထွင်မှုကို ဟန့်တားရန် စစ်ပွဲကို ဘောင်ခတ်ထားထားတာပါ။ 

ထရမ့်ရဲ့ နောက်ဆုံး အဆိုပြုချက်တွင် အီရန်အနေနဲ့ နျူ့လက်နက် မထုတ်လုပ်ရန်၊ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများ အားလုံးကို ရပ်တန့်ရန်နဲ့ ယူရေနီယံ သိုလှောင်မှုကို စွန့်လွှတ်ရန် ပါရှိပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီးတော့  ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကို၌ စနေနေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲခံနေ့ အခမ်းအနားအတွင်း သတင်းထောက်များအား "ဒီလိုကမ်းလှမ်းမှုကို ကျနော်တို့ လုပ်ခဲ့ရုံသာမက၊ ၂၀၁၅ ခုနှစ်တုန်းကလည်း အကောင်အထည် ဖော်ခဲ့ပြီးသားပါ။ အီရန်က အကြောင်းပြချက်မရှိဘဲ ကျနော်တို့ကို အပြည့်အဝယုံကြည်ထားပါတယ်" လို့ ဆိုပါတယ်။  ရုရှားဘက်ကတော့ သဘောတူညီချက်များကို မချိုးဖောက်ဘဲ အီရန်ရဲ့ အရပ်ဖက်သုံး ငြိမ်းချမ်းသော နျူကလီးယား စွမ်းအင်အစီအစဉ်များတွင် အီရန်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံက ယူရေနီယံ ပေါင်၃၀ ကျော်ကို သိမ်းယူခဲ့ပါတယ်။ အီရန်မှာက ယူရေနီယံ ပေါင် ၉၀၀ နီးပါး ရှိနေပါတယ်။ အဲ့ဒိယူရေနီယံတွေက ၆၀%  သန့်စင်ပြီးသား ဖြစ်နေပါပြီ။ ၉၀% သန့်စင်ပြီးပါက နျူ့လက်နက် ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)