ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အဆင်သင့်ဆောင်ရွက်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အဆင်သင့်ဆောင်ရွက်ထားရှိ


ချမ်းအေးသာစံ   ၊ မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦး ဦးဆောင်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့် ဆောင်ရွက်ထားရှိပြင်ဆင်မှုများကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ​ဆောင်ရွက်ခဲ့သည်။

“သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး သန္ဓေ/ အရန်တပ်ဖွဲ့ဝင် ၃၅ ဦးနှင့်အတူ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့်ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း” ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)