Pages

Pages

ကျွန်းစုမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ

 

Uploading: 2219470 of 2219470 bytes uploaded.

ကျွန်းစု ၊  မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၄)ကျောင်းရှိရာ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့ မှ စတင်၍ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံ လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားမိဘများအနေဖြင့် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့“ ဆောင်ပုဒ်နှင့်အညီ ‌ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ‌ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလာရောက်အပ်နှံကြရန် တိုက်တွန်းပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment