Pages

Pages

ပုလောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

 

ပုလော  ၊ မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ရှိ ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဇင်ထိုက် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန် ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment