Pages

Pages

ယူအေအီး နျူဓာတ်အားပေးစက်ရုံ ဒရုန်း နဲ့ အတိုက်ခိုက် ခံလိုက်ရ


မေ - ၁၈ ( တနင်္လာနေ့) 

အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ယူအေအီး ရဲ့ တစ်ခုတည်းသော နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ပိုင်နက်နယ်မြေအတွင်းသို့ အမည်မသိ ဒရုန်းယာဉ်တစ်စီး ရောက်လာပြီး  ပစ်ခတ်ခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ 

ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ဒရုန်းသုံးစင်းသည် “အနောက်နယ်စပ်ဒေသမှ” နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ဒရုန်းနှစ်စင်း ပစ်ချနေချိန်မှာ တတိယ တစ်စီးက အယ်လ်ဒါဖရာ ဒေသရှိ ဘာရာခါ နျူဓာတ်အားပေးစက်ရုံ အပြင်ဘက်ရှိ လျှပ်စစ်ဓာတ်အားပေး ဂျင်နရေတာအား တိုက်ခိုက်ခဲ့ကြောင်းနဲ့ လူတွေ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု မရှိခဲ့ကြောင်း သိရပါတယ်။ 

ယူအေအီး အာဏာပိုင်များက အီရန်ကို တိုက်ရိုက်စွပ်စွဲခြင်းမပြုပေမဲ့ နိုင်ငံခြားရေးဝန်ကြီးက “အသိမပေးဘဲ အလစ်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု” လို့ ရှုတ်ချခဲ့ပြီး ၎င်းသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ကာ နောက်ထပ်တိုးမြင့်လာမည့် အန္တရာယ်ရှိတယ်လို့လည်း ပြောပါတယ်။ 

ဆော်ဒီအာရေဗျကလည်း အီရတ်နိုင်ငံကိုဖြတ်ပြီး ၎င်းရဲ့လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့တဲ့ ဒရုန်းသုံးစင်းကို တစ်ရက်တည်းမှာပဲ ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆိုပါတယ်။ 

 အမေရိကန်-အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေသဖြင့် ဒေသတွင်း တင်းမာမှုများ ဆက်လက် မြင့်တက်နေကာ လက်မခံနိုင်သော တောင်းဆိုမှုများကို တိုးမြှင့်လုပ်ဆောင် နေတယ်လို့  နှစ်ဖက်စလုံးက စွပ်စွဲထားပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်ခံထားလို့ အဲ့လိုတိုက်ခိုက်ခံရတာလို့ အီရန်က စွပ်စွဲထားပါတယ်။ 

"အမှန်တရားဖြစ်စဉ်က ယူအေအီး ဟာ ကျနော့်နိုင်ငံကို ရန်စမှုမှာ တိုက်ရိုက်ပါဝင်နေတာပဲ၊ စကားနဲ့ရှုံ့ချပြောဖို့တောင် မလိုဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာဂချီ က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသည့် BRICS အစည်းအဝေးပြင်ပ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment