Pages

Pages

အစိုးရဌာနတွေက တစ္စေဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ တောင်အာဖရိကစီစဉ်




မေ - ၂၇ ( ဗုဒ္ဓဟူးနေ့ ) 

တောင်အာဖရိကအစိုးရက လစာယူပြီး အလုပ်မလုပ်တဲ့ အစိုးရဝန်ထမ်း( တစ္စေဝန်ထမ်း)တွေကို ဖယ်ရှားနိုင်ဖို့ အတွက် ဇီဝအချက်အလက်အခြေပြုတဲ့ ဝန်ထမ်းအတည်ပြုစနစ်တစ်ခုကို စတင်သုံးလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ အလုပ်မလုပ်ဘဲ လစာထုတ်နေတဲ့ တစ္စေဝန်ထမ်းတွေကြောင့်  အခွန်ထမ်းပြည်သူများ ရဲ့ ဒေသသုံးငွေ ၃.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၅ သန်း) ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဆိုပါတယ်။ 

အဲ့ဒိ အွန်လိုင်းအခြေပြုစနစ်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်တွင် စတင်အသုံးပြုမည်ဖြစ်ပြီး၊ ပထမအဆင့်အနေဖြင့် နိုင်ငံတော် နဲ့  ပြည်နယ်အဆင့် ဌာနများအတွင်း နှစ်လကြာ အတည်ပြုစစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

အဲ့ဒိစနစ်က အစိုးရရဲ့ ကျယ်ပြန့်သော ဒစ်ဂျစ်တယ်ပြောင်းလဲရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ တာဝန်ခံမှုကို မြှင့်တင်ရန်၊ အချက်အလက်တိကျမှုကို တိုးတက်စေရန် နဲ့ အများပြည်သူငွေကြေးကို ကာကွယ်ရန် ရည်ရွယ်ထားပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာန က အဆိုပါစနစ်သည် ဒစ်ဂျစ်တယ်နည်းပညာဆန်းသစ်မှုကို အသုံးပြုပြီး နိုင်ငံတော်ကို ခေတ်မီအဆင့်သို့ မြှင့်တင်ရာတွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုံခြုံစိတ်ချရတဲ့ အွန်လိုင်းအစိုးရစနစ် ဖြေရှင်းနည်းများကို အဓိက မောင်းနှင်အားဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

ပြည်ထဲရေးဝန်ကြီးကလည်း အဆိုပါပလက်ဖောင်းသည် အစိုးရလစာစနစ်တစ်လျှောက် ကြီးမားသော ငွေကြေးချွေတာမှုများကို ဖြစ်စေနိုင်ပြီး၊ အစိုးရ၏ စောင့်ကြည့်ထိန်းချုပ်မှုကိုလည်း ပိုမိုကောင်းမွန်စေမယ်လို့ ပြောကြားခဲ့ပါတယ်။ 


Ref - RT

#MNP #News

No comments:

Post a Comment