ပုဇွန်တောင်၊ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးကို စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲ၍ နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဈေးအသီးသီးနှင့်လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ အဓိကလမ်းမကြီးများ၊ မီးပွိုင့်များ၊ ကားမှတ်တိုင်များနှင့်ဈေးများတွင် လမ်းဘေးစျေး သည် မရှိစေရေး၊ တောင်းရမ်းစားသောက်သူများ မရှိစေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့်အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန် တောင်လမ်းရှိ စည်းကမ်းမဲ့ရောင်းချနေသူ လမ်းဘေးစျေးသည်(၃)ဦး၊ အဖီအစွယ်ကျူး(၂)ဆိုင်တို့အား ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ မီးပွိုင့်များ၊ ကားမှတ်တိုင်များနှင့် ဈေးများတွင် လမ်းဘေးစျေးသည်နှင့်တောင်းရမ်းစားသောက်သူများမရှိစေရေး ရှင်းလင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
#News #MNP





No comments:
Post a Comment