Pages

Pages

အိန္ဒိယကတော့ ရွှေသွင်းမယ်ဆိုရင် အခွန်၂ ဆတဲ့



မေ - ၁၄ ( ကြာသပတေးနေ့ ) 

အိန္ဒိယနိုင်ငံက ၎င်းရဲ့ အရန်နိုင်ငံခြားငွေအပေါ်ကို အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ သက်ရောက်မှုတွေရှိလာလို့ အဲ့ဒါကို တားဆီးဖို့ ရွှေ နှင့် ငွေ အဖိုးတန်သတ္တု အပေါ် သွင်းကုန်ခွန်အား နှစ်ဆတိုးလိုက်ပါတယ်။ 

နယူးဒေလီအစိုးရက အခြေခံအကောက်ခွန် ၁၀% ချမှတ်ခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိုတော့ ၅ %  ချမှတ်ခဲ့ပါတယ်။ ရွှေနှင့်ငွေသွင်းကုန်များအပေါ်ကိုတော့ ထိရောက်သော သွင်းကုန်ခွန် ၆% မှ ၁၅ % အထိ တိုးမြှင့်ခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုသည် ပြည်ပမှ ဝယ်ယူမှုများကို လျှော့ချရန် နဲ့ တိုင်ပြည်ရဲ့ နိုင်ငံခြားငွေ အရန်ငွေအပေါ် ဖိအားများ ဖြေလျှော့ရန် ရည်ရွယ်ပါတယ်။ 

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က ရွှေဝယ်ယူခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် လောင်စာဆီသုံးစွဲမှု လျှော့ချခြင်းအပါအဝင် အရှေ့အလယ်ပိုင်းပဋိပက္ခမှ ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာ လှုပ်ခတ်မှုများကို လျှော့ချရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထောက်ခံအားပေးပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

အစိုးရက လောင်စာဆီဈေးတက်ခြင်း နဲ့ နိုင်ငံခြားငွေအရန်ငွေများကို ကာမိရန် နဲ့ အကာအကွယ်ပေးရန် မရှိမဖြစ် လိုအပ်သော အသုံးစရိတ်များအပေါ် ကန့်သတ်ချက်များ အပါအဝင် အစီအမံများစွာကို ထည့်သွင်းစဉ်းစား နေတယ် လို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံမှာ မေလ ၁ ရက်နေ့အထိ နိုင်ငံခြားအရန်ငွေမှာ ဒေါ်လာ ၆၉၀ ဘီလီယံရှိပြီး ဖေဖော်ဝါရီလတွင် ဒေါ်လာ ၇၂၈ ဘီလီယံရှိနေရာက သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဒေါ်လာငွေ ယိုကျစီးဆင်းမှုက အဆိုးရွားဆုံး ဖြစ်ပြီး ရူပီးကို ထိခိုက်စေခဲ့လို့ ယခုနှစ်အတွင်း ရူပီး က ၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment