Pages

Pages

မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

 Uploading: 1007222 of 1007222 bytes uploaded.


မအူပင်  ၊ မေ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီက အမှတ် (၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွှေဝါခန်းမတွင်ကျင်းပသည်။ဦးစွာ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်မှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မင်း၊ FPTP စနစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်နှင့် PR စနစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သူဇာသန်းမြင့်တို့မှ နိုင်ငံတော် အကြီးအကဲလမ်းညွှန်ချက်များနှင့် တိုင်းဒေသကြီးဝန်ကြီး၏ လမ်းညွှန်ချက်များ အားရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာဦးစိုးတင့်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး ကမ္ဘောဇဘဏ်မန်နေဂျာ ဒေါ်မြပွင့်ခိုင်က စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက်တာဝန်ရှိသူများမှ တောင်သူ ၂၁၁ ဦး၏ လယ်မြေဧက (၁၅၄၃)ဧကအတွက် တစ်ဧကလျှင်ကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်းချေးငွေ(၄၆၂၉)သိန်းကျပ်အား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးအပ်ခဲ့ကြကြောင်းသိရ သည်။   

အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment