Pages

Pages

ထိုင်းတရားရေးစနစ်အောက်မှ ထိခိုက်နစ်နာသူများသို့ အကူအညီပြုမှု “ထူးချွန်အဖွဲ့အစည်း” ဂုဏ်ထူးဆောင်ဆု သံအမတ်ကြီး ဦးဇော်ဇော်စိုးမှ မြန်မာသံရုံး၏ ကိုယ်စားပြု ဆုကို လက်ခံရယူ





ဗန်ကောက်၊ မေ ၆

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ IMPACT FORUM အဆောက်အဦ၌ ထိုင်းတရားရေးဝန်ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ “24 Years of Delivering Prompt, Inclusive and Equitable Assistance to Victims: Because Justice Delayed is Justice Denied” ခေါင်းစဉ်ဖြင့် ကျင်းပသော အမျိုးသားအဆင့်အခမ်းအနားသို့ ပါဝင် တက်ရောက်ခဲ့သည်။ 

အထက်ပါအခမ်းအနားသို့ ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ် H.E. Mr. Anutin Charnvirakul မှ သဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ တရားရေးစနစ် အောက်မှ နစ်နာသူများအား ကူညီစောင့်ရှောက်ခြင်းအတွက် ထူးချွန်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံသို့ ဂုဏ်ထူးဆောင်ဆုတံဆိပ် ၇၄ ဆုနှင့် နစ်နာသူများထံသို့ ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ထိုင်းနိုင်ငံအတွင်း အမှုကိစ္စများတွင် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးရာ၌ ပြည်ပသံရုံးများ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြု သည့်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအများဆုံးဖြစ်သော မြန်မာသံရုံး၊ လာအိုသံရုံးနှင့် တောင်ကိုရီးယားသံရုံးတို့ထံသို့ ၂၀၂၆ ခုနှစ်၊ ထိုင်းတရားရေးစနစ်အောက်မှ ထိခိုက်နစ်နာသူများသို့ အကူအညီပြုမှု “ထူးချွန်အဖွဲ့အစည်း” ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပေးအပ်ခဲ့ရာ သံအမတ်ကြီး ဦးဇော်ဇော်စိုးမှ မြန်မာသံရုံး၏ ကိုယ်စားပြု ဆုကို လက်ခံရယူခဲ့သည်။  


#MNP #News 

No comments:

Post a Comment