Pages

Pages

မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံ ရေးအခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပ







မြောက်ဥက္ကလာပ၊ မေ ၂၇

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်    ‌‌‌‌‌‌မြို့နယ်အဆင့် ကျောင်းအပ်နှံ ရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့၀င်များ၊ မြို့နယ် YMBA အသင်း ဥက္ကဋ္ဌ နှင့် အသင်း၀င်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တာ၀န်ရှိသူများ တက် ရောက်ကြပြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း နှင့်အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာ တီး ဝိုင်း နှင့် ပန်းပွားအက တို့ဖြင့် ကြိုဆိုကပြခဲ့ကြသည်။

ဦးစွာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ် ၀င်း၀င်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်ပညာရေးမှူး  ဒေါ်မို့မို့အောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြရာ ဘင်ခရာ တီးဝိုင်းနှင့် ပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ 

ထို့နောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံ ရေး အခမ်းအနားကို ကျင်းပရာ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆို ဖျော် ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူ က အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး  ဒေါ်မို့မို့အောင် က ကျောင်းအပ်နှံရေး နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ နိုင်ငံ တော်မှ ထောက်ပံ့ ပေးအပ် သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေး ကိရိယာ ၊ ကျောင်း၀တ်စုံများ၊မြို့နယ်စီမံခန့်ခွဲရေး နှင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အုပ်ချုပ်ရေး ကော်မတီ၊မြိုနယ်အမျိုးသမီး‌ရေးရာနှင့် မိခင်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် YMBA အသင်းတို့မှ ထောက်ပံ့သော ဗလာစာအုပ်များ၊ ကိုယ်ပိုင်ကျောင်းများမှ ထောက်ပံ့လှူဒါန်းသော ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံများအား တာ၀န်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့်‌ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများက လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

ယင်းနောက် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment