Pages

Pages

အ‌ရှေ့အလယ်ပိုင်းကို မတည်ငြိမ်အောင်လုပ်နေတာ အစ္စရေးပါလို့ အီရန်သမ္မတပြော


မေ - ၂၅ ( တနင်္လာနေ့ ) 

အီရန်သမ္မတ မာဆွဒ် ပီဇီရှန်ကီယံ က အီရန်အစိုးရအနေနဲ့ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် မရည်ရွယ်ကြောင်းကို ကမ္ဘာအား အာမခံပြောကြားရန် အသင့်ရှိကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်သည် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် မရည်ရွယ်ကြောင်း နဲ့ အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရန် ဆွေးနွေးရာတွင် မိမိနိုင်ငံ၏ “ဂုဏ်သိက္ခာ” ကို ထိခိုက်စေမည့် အလျှော့ပေးမှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ 

“ကျွန်ုပ်တို့က နျူကလီးယားလက်နက်များ ရယူဖို့ မကြိုးစားကြောင်း ကမ္ဘာကြီးကို အာမခံပြောကြားရန် အသင့်ရှိပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန်လည်း ကျွန်ုပ်တို့ မရည်ရွယ်ပါ”လို့ ပီဇီရှန်ကီယံက တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံပိုင် ရုပ်သံမှ ထုတ်ပြန်သော မှတ်ချက်များတွင် ပြောကြားခဲ့ပြီး  “ဒေသကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသူမှာ အစ္စရေးဖြစ်ပါတယ်” လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ အကြိမ်ကြိမ် ကြေညာနေတဲ့ အီရန်နိုင်ငံမှာ လက်နက်အဆင့် ပြုလုပ်လို့ ရနိုင်တဲ့  နည်းပညာပိုင်းဆိုင်ရာ အဆင့်အနည်းငယ်သာ လိုတော့တဲ့ သန့်စင်ထားသော ယူရေနီယမ် ၄၀၀ ကီလိုဂရမ်ကျော် သိုလှောင်ထားရှိပါတယ်။ ကုလသမဂ္ဂရဲ့ နျူကလီးယားစွမ်းအင် စောင့်ကြည့်ရေးအဖွဲ့ IAEA က အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယမ်တွေကို အရပ်ဘက်အသုံးပြုမှုအတွက် မလိုအပ်ကြောင်း ပြောကြားထားပါတယ်။ 

အစ္စရေးအရာရှိများက အီရန်ရဲ့ ယူရေနီယမ်ပမာဏကို ထပ်မံသန့်စင်မှု ပြုလုပ်ပါက နျူကလီးယားဗုံး ၁၁ လုံးခန့် ထုတ်လုပ်ရန် လုံလောက်တယ်လို့ ပြောထားပါတယ်။ 


REF: WION

#MNP #News

No comments:

Post a Comment