Pages

Pages

ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါ အသည်းအသန်ဖြစ်ပြီး အသေအပျောက်များလာ



မေ - ၁၃ ( ဗုဒ္ဓဟူးနေ့ ) 

ဘင်္ဂလားဒေ့ရှ်မှာ ၂၀၂၆ ခုနှစ် မေလအထိ ပြင်းထန်သောဝက်သက်ရောဂါဖြစ်ပွားမှုကို ကြုံတွေ့နေရပြီး သံသယရှိသူ ၅သောင်း ကျော် နဲ့ မတ်လလယ်ကတည်းကစပြီး ဒီနေ့အထိ ကလေးသေဆုံးမှု ၄၀၀ ကျော်ရှိကြောင်း သိရပါတယ်။ 

မြို့တော်ဒါကာရဲ့ လူဦးရေထူထပ်သော ဒေသများတွင် ကူးစက်မှုနှုန်း မြင့်မားသသလို မြို့နယ် ရှစ်ခုစလုံးသို့ ကူးစက်ခဲ့ပါတယ်။ အသက် ၆ လမှ ၅နှစ် အတွင်း  ကလေးများအတွက် နိုင်ငံတစ်ဝှမ်း အရေးပေါ် ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်နေပါတယ်။ 

ရောဂါဖြစ်ပွားမှု အခြေအနေကတော့  (၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့အထိ) ရောဂါဖြစ်ပွားမှု သံသယရှိသူ ၅၀၅၀၀ ကျော်၊ ဓာတ်ခွဲအတည်ပြုထားတဲ့လူနာ ၆၉၃၇ ဦး နဲ့ သေဆုံးမှု ကလေး ၄၀၀ကျော် ရှိပါတယ်။ 


REF: medical dialogue

#News #MNP

No comments:

Post a Comment