Pages

Pages

ကမ္ဘာ့ရေနံဈေးနှုန်း က ထရမ့် အိပ်ရေး ဝ ၊ မဝ နဲ့ပဲ ဆိုင်တယ်လို့ စလိုဗက်ဝန်ကြီးချုပ်ပြော


မေ - ၅ ( အင်္ဂါနေ့ ) 

ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းဈေးသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ အိပ်ချိန်လုံလောက်မှု ရှိ မရှိပေါ် မူတည်ပြီး  အတက်၊ အကျ ဖြစ်နေတာလို့ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ရွဲ့စောင်းပြီးမှတ်ချက် ပေးခဲ့ပါတယ်။ 

အမေရိကန်စစ်တပ်က အီရန်ပဋိပက္ခနှင့် ပတ်သက်တဲ့ ရွေးချယ်စရာကိစ္စများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တင်ပြမယ်လို့ သတင်းစကားတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ရေနံစိမ်းဈေးက ၄နှစ်တာအတွင်း အမြင့်ဆုံးအထိရောက်လာလို့  ဖီကိုရဲ့မှတ်ချက် ထွက်လာတာပဲဖြစ်ပါတယ်။ 

 သောကြာနေ့တွင် ဘရန့်ရေနံစိမ်းဈေးက  ၇% နီးပါးခုန်တက်ခဲ့ပြီး တစ်စည်လျှင် ၁၂၆ဒေါ်လာ ကျော်ခဲ့ပါတယ်။ ရပ်တန့်နေတဲ့ အီရန် - အမေရိကန် စေ့စပ်ညှိနှိုင်းမှုများအတွင်းမှာ အမေရိကန်က အီရန်ကို အချိန်တိုအတွင်း အကုန်ဖြိုခွင်းမယ်လို့ ဆိုလာပါတယ်။ ထရမ့်က သူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာမှာ အီရန်နဲ့ ပတ်သက်လို့ အစီအမံတစ်ခုရေးတင်တိုင်း ရေနံစိမ်းဈေးက ခုန်ခုန်တက်သွားပါတယ်။ 

"သမ္မတ ထရမ့် အိပ်ရာကိနိုးလာတဲ့ အခါ အိပ်ရေး ဝ ၊ မဝ ပေါ်မူတည်ပြီး ရေနံစျေးနှုန်းများအပါအဝင် အရာအားလုံးသည် ဖိအားတွေအောက်ကို ရောက်သွားတော့တာပါပဲ” လို့ ဖီကို က သတင်းထောက်များနဲ့  သောကြာနေ့က တွေ့ဆုံရာမှာပြောသွားပါတယ်။ "သူအိပ်ရေးဝဝ အိပ်ရလို့ စိတ်ကောင်းကောင်းနဲ့ နိုးလာရင် ဆီဈေးကျသွားတယ်၊ စိတ်ဆိုးပြီး နိုးလာရင် အလိုလိုပြန်တက်သွားတာပါပဲ” လို့ ပြောသွားပါတယ်။ 

ဖီကိုက အီရတ်နှင့် ဗင်နီဇွဲလားတွင် အမေရိကန်ရဲ့ စွက်ဖက်မှုများကို ပြန်လည်အမှတ်ရခဲ့ပြီး ကျူးဘားအပေါ် ရန်လိုမှုဖြစ်နိုင်ခြေနှင့် ဂရင်းလန်းအပေါ် ထရမ့်ရဲ့ မဖြေရှင်းနိုင်သော အရေးဆိုမှုများနှင့် ပတ်သက်ပြီး ဝါရှင်တန်အစိုးရက ၎င်း၏အကျိုးစီးပွားကို ဆက်လက်အခိုင်အမာ လုပ်ဆောင်နိုင်တယ်လို့လည်း ပြောသွားပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment