ရပ်ကွက်(သို့မဟုတ်)ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်ကွက်(သို့မဟုတ်)ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေး


စလင်း၊ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများအား သင်တန်းပေးခြင်းအခမ်းအနားကို ယ​နေ့နံနက် ၈ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြောက်နိုင်ရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး  စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များအား သင်တန်းပေးရခြင်းနှင့် ပက်သက်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဥပဒေများ၊ နည်းဥပဒေများပါ အကြောင်းအရာများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကြီးကြပ်ရေးကော်မတီအဖွဲ့၊ ဥပဒေအရာရှိ ဦးကျော်ဇေယျာလင်းက ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များအား ဥပဒေနှင့်အညီရွေးချယ်နိုင်ရေး၊ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရွေးချယ်ပုံအဆင့်ဆင့်တို့ကို  ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်၊ တက်ရာက်လာကြသည့် ရပ်ကွက်၊ ကျေးရွာကြီးကြပ်ရေးအဖွဲ့များက သိရှိလိုသည်များအား မေးမြန်းကြရာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက၊ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

စလင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွပ်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၅)အုပ်စုရှိပြီး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ  ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးကော်မတီအဖွဲ့များအား သင်တန်းပေးရခြင်းဖြစ်ကြောင်း  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က လိုအပ်သည်များအား  ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြောကြားကာ သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။ အဆိုပါရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးမှူးများအား သင်တန်းပေးအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးဝင်းမြိုင်၊ စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာကြီးကြပ်ရေးမှူးများ  ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။


မောင်လွင်(စလင်း)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)