ပညာရေးကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများ


နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည်။ ပညာရေးကပင် လူ့စွမ်းအားအရင်းအမြစ်များကို တိုးတက်စေပြီး စီးပွားရေး၊ လူမှုရေး၊ နည်းပညာနှင့် နိုင်ငံရေးကဏ္ဍများအားလုံးကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန်နှင့် လာမည့်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တပ်မတော်သားများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေး ဆောင်ရွက်နေသည့်ကာလတွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်နှင့် သက်ဆိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသည့် ပညာရေးဆိုင်ရာအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများ ယနေ့တိုင်အောင် လုပ်ဆောင်လျက်ရှိသည်။ ၁၃-၅-၂၀၂၆ ရက်နေ့က အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်သောင်းကျန်းသူများက FPV Suicide Drone များဖြင့် ယုတ်မာစွာ အကြောင်းမဲ့ပစ်လွှတ်တိုက်ခိုက်ခဲ့သဖြင့် ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်ခဲ့သည့် NLD ပါတီဝင်များသည် PDF အကြမ်းဖက်သမားများအဖြစ် စတင်လှုပ်ရှားချိန်မှစ၍ တိုင်းဖျက် ပြည်ဖျက်လုပ်ရပ်များကို လုပ်ခဲ့ကြရာတွင် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်းများကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခြင်းများ လုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်အထိ PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပညာရေးဆိုင်ရာ အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်မျး ဗုံးဖောက်ခွဲခံရမှု ၅၆၀ ကြိမ်ရှိခဲ့သည်။ ထို့ပြင် မီးရှို့ဖျက်ဆီးခံရမှု (၁၂၃) ကြိမ်နှင့် ပညာရေး ဝန်ထမ်းများ ခြိမ်းခြောက်ခံရမှု (၄၄၉) ကြိမ်အပါအဝင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အကြမ်းဖက်သတ်ဖြတ်ခံရမှု (၇၇) ဦး အထိ ရှိခဲ့သည်။

NLD အသွင်ပြောင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အနေဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်ရွာတွင် ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်ခြင်း လုပ်ရပ်သည် မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်များပင် ဖြစ်သည်။ 

ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာခဲ့ရုံမျှမက တိုင်းပြည်၏ အခြေခံအုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍကိုပါ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ပြတ်သားစွာ ကန့်ကွက်ရှုတ်ချသည်။

PDF အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရက တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးထားပြီးဖြစ်ရာ PDF အကြမ်းဖက်သမားများအနေဖြင့်လည်း အဖျက်အမှောင့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရန် မသင့်တော့ပေ။ ဥပဒေဘောင်အတွင်း ဝင်ရောက်၍ အေးချမ်းစွာ နေထိုင်ကြရန် တိုက်တွန်းသည်။

ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်လျက်ရှိသော အကြမ်းဖက်အဖွဲ့များကိုလည်း တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများက ပြည်သူလူထု ဘေးအန္တရာယ်ကင်းစေရန်၊ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ အကြမ်းဖက်လှုပ်ရှားမှု အလုံးစုံ ပပျောက်သည်အထိ၊ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ မြန်မာ့မြေပေါ်မှ ပပျောက်သည်အထိ နှိမ်နင်းဆောင်ရွက်ခြင်းအားဖြင့် အများပြည်သူ ကောင်းကျိုးအတွက် အလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းသည်။

တိုင်းပြည်၏ အခြေခံအုတ်မြစ်ကို ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေသော NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ အားလုံး ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများအတွက် ပြည်သူများစွာ အတိဒုက္ခရောက်ခဲ့ရသည့် နည်းတူ ထိုက်တန်တူညီ သည့် ဘေးဒုက္ခများ ပြန်လည်ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)