အမေရိကန် - အီရန် ငြိမ်ချမ်းရေး စကားပြောဖြစ်ရင် နေတန်ယာဟုတစ်ယောက် ခေါင်းမီးတောက်တော့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် - အီရန် ငြိမ်ချမ်းရေး စကားပြောဖြစ်ရင် နေတန်ယာဟုတစ်ယောက် ခေါင်းမီးတောက်တော့မယ်


မေ - ၂၁ ( ကြာသပတေးနေ့ ) 

အမေရိကန် - အီရန် စစ်ပွဲအဆုံးသတ်ရန် အဆိုပြုချက်အသစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့  အပြန်အလှန် တင်းမာစွာဖုန်းဆက် ပြောဆိုပြီးနောက် အစ္စရေးဝန်ကြီးချုပ် တစ်ယောက် ဒေါသအကြီးအကျယ်ထွက်ခဲ့ရတယ်လို့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ် ၃ ခုကို ကိုးကားပြီး အေဇီယော့စ် သတင်းဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အကြောင်းကတော့ အမေရိကန်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှု အကြီးစားတစ်ခုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို နောက်ဆုတ်လိုက်တဲ့အတွက်ကြောင့်ပါပဲ။ ပင်လယ်ကွေ့နိုင်ငံတွေက ခေါင်းဆောင်တွေက သံတမန်ရေးရာအရ အချိန်ပိုပေးရန်အတွက် ထရမ့်ကို တောင်းဆိုမှု လုပ်ပြီးနောက်မှာ အမေရိကန်က တိုက်ခိုက်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်တာပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တစ်ခုလုပ်ဖို့နဲ့ အသစ်ပြန်လည်စမယ့် စစ်ပွဲကြားတွင် အမေရိကန်နှင့် အီရန်တို့သည် “နယ်နိမိတ်မျဉ်းပေါ်တွင်” ရှိကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။ 

"သဘောတူညီချက်တစ်ခုမရင်တော့ နည်းနည်းဆိုးတဲ့ကိစ္စတစ်ခုခုကို လုပ်မှာပါ။ ၁၀၀% ကောင်းတဲ့အဖြေများ မရရှိပါက စစ်ပွဲပြန်လည်စတင်နိုင်တယ်” လို့ ထရမ့်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 

နေတန်ယာဟုဘက်ကတော့ စေ့စပ်ညှိနှိုင်းမှုများအပေါ် အလွန်သံသယရှိနေပြီး အီရန်ရဲ့စစ်ရေးစွမ်းရည်ကို ပိုမိုကျဆင်းစေဖို့က အရေးကြီးသော အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းဖြင့် နိုင်ငံအား အားနည်းသွားစေရန် အတွက် စစ်ပွဲကို ပြန်လည်စတင်လိုတယ်လို့ သတင်းဌာနက ဆိုပါတယ်။ 

ဒါပေမဲ့ ထရမ့်ကတော့  အစ္စရေးခေါင်းဆောင်နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း နဲ့ နေတန်ယာဟုအနေနဲ့ အီရန်ကိစ္စမှာ ကျနော်လုပ်ချင်တာတွေကို သူလိုက်လုပ်ပေးမှာပါလို့ အခိုင်အမာပြောဆိုထားပါတယ်။ 

နောက်ဆုံး သံတမန်ရေး တွန်းအားပေးမှုက စစ်ပွဲကိုတရားဝင်အဆုံးသတ်ရန်၊ အီရန်နျူကလီးယား အစီအစဉ်အတွက် ရက်ပေါင်း ၃၀ ကြာ စေ့စပ်ညှိနှိုင်းမှုကာလကို စတင်ရန် နဲ့  ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်နှင့် အီရန်တို့က လက်မှတ်ရေးထိုးမယ့် တောင်းဆိုစာတစ်စောင်( LOI )  အပေါ်ကို ဗဟိုပြုထားကြောင်း သိရပါတယ်။ 

မွမ်းမံပြင်ဆင်ထားသော အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေကြောင်း အီရန်ဘက်က အတည်ပြုထားပါတယ်။ ဒါပေမဲ့လည်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင်က အမေရိကန် ပယ်ချခဲ့တဲ့ အချက် ၁၄ ချက်ကို အခြေခံ၍ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။  အီရန်သမ္မတကတော့ “တွေ့ဆုံဆွေးနွေးမှုဟာ လက်နက်ချတယ်လို့ မဆိုလိုပါဘူး”လို့ ယခုသီတင်းပတ်တွင် ပြောကြားခဲ့ပြီး အီရန်အနေနဲ့  “ပြည်သူနှင့် တိုင်းပြည်ရဲ့ တရားဝင်အခွင့်အရေးများမှ ဆုတ်ခွာမှာမဟုတ်ဘူး”လို့ ဆိုထားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)