Pages

Pages

မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ)သင်တန်းဖွင့်ပွဲ ကျင်းပ


မိတ္ထီလာ ၊  မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက နတ်ကြီးကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်က သင်တန်းဖွင့်လှစ် ဆောင်ရွက်မည့်အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်းနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှု စီးပွားဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းကို  ၂၀ ဦးဖြင့်  မေလ ၁၁ ရက်နေ့ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment