Pages

Pages

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ကာတာသံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ မေ ၁၈

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ အာမက်အလီ အယ်လ်မာရီ အား ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်၊ ၁၀ ၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံတို့အကြား ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


#MNP #News

No comments:

Post a Comment