ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ကို ဖျက်ဆီးနေကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ကို ဖျက်ဆီးနေကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ


ယခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်မြောက် မွေးနေ့ကို အကြောင်းပြုပြီး ပြည်ပြေး ဝရမ်းပြေးတွေ ခွက်ခေါက်ဖို့ ပြင်ဆင်နေကြတာကို သတိပြုမိကြပါလိမ့်မယ်။ ခွက်ခေါက် ဆိုတဲ့ ဝေါဟာရကို ခက်ဆစ်အဖွင့်အနေနဲ့ ရှင်းပြရရင်တော့ နိုင်ငံရေးသူတောင်းစားများလို့ ဆိုရပါလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ ဆိုသည်မှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို အကြောင်းပြုပြီး အလှူခံရမလဲ ဆိုတာပဲ စဉ်းစားနေကြသူတွေ ဆိုရင်လည်း မမှားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး အခမ်းအနားတွေကျင်းပမယ်။ ငွေရှာကြမယ်။ ပြီးရင် အလွဲသုံးစားလုပ်ကြမယ်။ အချင်းချင်း ငွေကြေးကိစ္စပြဿနာတွေ တက်ကြမယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေတာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ အဓိက ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့မရဲ့ နောက်လိုက်တွေရဲ့ လုပ်ရပ်လေးတွေကို အများပြည်သူ ဆင်ခြင်သတိပြုမိစေဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သည် ဦးဆောင်မှုကောင်းမွန်သော ခေါင်းဆောင်တစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါခဲ့ကြတဲ့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ထောက်ခံအားပေးသူ နီပိန်းတွေဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်ကို လုပ်ကြမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု ညံ့ဖျင်းမှုက ယနေ့အချိန် တိုင်းပြည်မှာ အကြမ်းဖက်ဘေး သင့်နေရတဲ့ အခြေအနေက သက်သေခံနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် သည် ငြိမ်းချမ်းရေးကို ရှေးရှုသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ပဲ တိုက်တွန်းမှာပေါ့။ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်နေကြတဲ့ အခြေအနေကို ထိန်းသိမ်းမှာပေါ့။ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒီအပေါ်မှာ သင်ခန်းစာယူပြီး အကောင်းဆုံးနည်းလမ်းနဲ့ တုန့်ပြန်ဖြေရှင်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျခံနေရတယ်ဆိုတာက နိုင်ငံရေးပြဿနာကြောင့် မဟုတ်ပါဘူး။ အာဏာရှိစဉ်အခါက နိုင်ငံတော်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့ခြင်း၊ လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်ပေါက်ခြင်းကြောင့် ထောင်ကျခံနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှန်ကို သူ့ရဲ့ နောက်လိုက်တွေက ပြည်သူတွေ မှန်ကန်စွာ သိရှိနားလည်အောင် သတင်းစကားဖြန့်ချိတာမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ဖမ်းဆီး အကျဉ်းချထားသယောင် ဝါဒဖြန့်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ပြည်သူများထံ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ သတင်းစကား ပြောချင်တယ်ဆိုရင် သူမနဲ့ ရှေ့နေတွေ တွေ့ဆုံစဉ်ကလည်း ပြောနိုင်သလို အခုလို အခြေအနေမျိုးမှာလည်း သူမကသာ ကောင်းမွန်တဲ့ သတင်းစကားပြောချင်တယ်ဆိုရင် တာဝန်ရှိသူတွေက အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှာပါပဲ။ 

သူမအနေနဲ့ နေ့စဉ်သတင်းစာတွေ ဖတ်ရှုရမယ်ဆိုရင် NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ NUG, CRPH အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ လက်ပါးစေ နီပိန်းတွေ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးခဲ့ရတဲ့ အခြေအနေတွေကို သိရှိနားလည်ပြီး ပြည်သူများအပေါ် မှန်ကန်တဲ့ စေတနာ ရှိမယ်ဆိုရင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြဖို့ ရတဲ့နည်းလမ်းနဲ့ သတင်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ငြိမ်းချမ်းရေးကို လိုလားတဲ့ အမျိုးသမီးတစ်ဦးမဟုတ်ဘဲ အာဏာရမ္မက်ထနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။ 

ဦးဆောင်မှု ညံ့ဖျင်းတဲ့ အမျိုးသမီးတစ်ဦးရဲ့ ထမီနားကိုခိုပြီး နိုင်ငံရေးလုပ်စားတဲ့ ပြည်ဖျက်မိစ္ဆာတွေမှာလည်း ပြည်သူများအပေါ် ငဲ့ညှာထောက်ထားရကောင်းမှန်း မသိတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားတာ မထူးဆန်းပါဘူး။

နောက်တစ်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထမီနားခိုပြီး နိုင်ငံရေးလုပ်စားသူတွေရဲ့ အပိုင်းကို သုံးသပ်တင်ပြရမှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးအများစုဟာ ဒေါ်စုထမီနားခိုပြီး နိုင်ငံရေးလုပ်စားသူများထဲမှာ ပါဝင်ပါတယ်။ သူတို့အနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်ကို မြှင့်တင်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို လွဲမှားစွာ အသုံးမချသင့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်း ခံရပြီးချိန်နောက်ပိုင်း နီပိန်းတွေကြားမှာ ဒေါ်စုကပဲ သတင်းစကား ပြောလိုက်သလိုလို၊ ဆူပူ ဆန္ဒပြ လှုပ်ရှားမှုတွေကို အားပေးတယ်ဆိုတဲ့အကြောင်း စာတစ်စောင် ထွက်လာခဲ့တယ်။ အဲဒီစာကို ဒေါ်စုရဲ့ စာဖြစ်ကြောင်း ဝင်းထိန် ဆိုတဲ့ ဖားပြုကြီးက အသက်နဲ့ရင်းပြီး အာမခံပါတယ်လို့ မှတ်ချက်ရေးပြီး လိုင်းပေါ် ဖြန့်ဝေခဲ့ကြတယ်။

ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆူပူ အကြမ်းဖက်လှုပ်ရှားမှုတွေ အားကောင်းလာစေဖို့ ဒေါ်စုရဲ့ နောက်လိုက်တွေက ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ သူတို့ လုပ်သမျှ အဟုတ်ဖြစ်နေတာကတော့ ဆင်ခြင်တုံတရားနည်းပါးတဲ့ နီပိန်းအင်အားက များတဲ့အခါကြတော့ သူတို့ လှုံ့ဆော်သမျှ အရာထင်တယ်လို့ ဆိုရမှာပေါ့။ ဆူပူ ဆန္ဒပြမှုမှသည် အကြမ်းဖက်လှုပ်ရှားမှု ၅နှစ်ကျော်ကြာ အားကောင်းခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်တွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ကို မြှင့်တင်လိုတယ်ဆိုရင် အခုလို မဖွယ်မရာ လုပ်ရပ်မျိုးကို လုပ်ဆောင်ရန် မသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို တချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ရှုမြင်ခဲ့ကြတယ်။ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်နောက်ကို လိုက်ခဲ့တဲ့ အမျိုးသမီးအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီဆုကို အနောက်အုပ်စုက အသုံးချချင်လို့ ဖန်တီးပေးအပ်တာမျိုး ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်။ မည်သို့ပင် ဆိုစေ ကမ္ဘာနဲ့ချီပြိး ထင်ရှားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ရဲ့ နောက်လိုက်တွေက အကြမ်းဖက်လမ်းစဉ်နောက်ကို မလိုက်သင့်ဘူး။

၈၈ ကာလ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ခဲ့တဲ့ ဦးမိုးဟိန်း တရားဝင် ပြန်ပြောပြခဲ့ဖူးပါတယ်။ ၈၈ ကာလမှာ ကျောင်းသားတွေ လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်မယ်ဆိုခြင်းအပေါ် ဒေါ်စုအနေနဲ့ လုံးဝ လက်မခံခဲ့ကြောင်း၊ တားမြစ်ခဲ့ကြောင်း အတိအလင်း ပြောခဲ့ပါတယ်။ ဂျပန်မီဒီယာက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုလည်း အထင်အရှား ရှိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ကို မြှင့်တင်လိုတဲ့ နောက်လိုက်တွေသာ ဆိုရင်တော့ မိမိတို့ ခေါင်းဆောင်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်သလို အကြမ်းဖက်လမ်းစဉ်ကို အားမပေးတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး ပြည်သူတွေ အတိဒုက္ခရောက်စေမယ့် လုပ်ရပ်တွေ ဘယ်လုပ်ပါ့မလဲ။

သို့သော် ဒေါ်စုရဲ့ နောက်လိုက်များသည် ဒေါ်စုရဲ့ ဂုဏ်ပုဒ်ကို မြှင့်တင်လိုသူတွေ မဟုတ်၊ ဒေါ်စုကို အသုံးချပြီး နိုင်ငံရေးလုပ်စားချင်တဲ့စိတ်က လွန်ကဲနေတဲ့ အခါကြတော့ မစားရတဲ့ အမဲကို သဲနဲ့ပတ်သက်မယ်ဆိုတဲ့ သဘောမျိုး အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံနဲ့ ဒုက္ခပေးကြတော့တာပဲ ဖြစ်ပါတယ်။

ဒါမျိုးတွေကို ရေးသားပြဆိုလိုခြင်း မရှိပါဘူး။ သို့သော် ပြည်ပြေး ဝရမ်းပြေးတွေက ဒေါ်စုကို ခုတုန်းလုပ်ပြီး နိုင်ငံရေးလုပ်စားတာက လွန်လွန်းတယ်။ အခုလည်း ဒေါ်စု (၈၁)မွေးနေ့ကို အကြောင်းပြုပြီး နည်းမျိုးစုံနဲ့ ခွက်ခေါက်ကြဖို့ ပြင်ဆင်နေကြပြီ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို ကမ်းကုန်အောင် လုပ်ခဲ့ကြပြီး ဖြစ်လို့ ပြည်ပြေး ဝရမ်းပြေးများရဲ့ လှုံ့ဆော်မှု၊ ပြည်ဖျက်မီဒီယာတွေရဲ့ သရုပ်မှန်ကို ပြည်သူအများ သိမြင်နားလည်ဖို့ ရေးသားပြဆိုရခြင်း ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ ဒေါ်စုကို အားပေးထောက်ခံသူတစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် အကြမ်းဖက်လမ်းစဉ်နောက်ကို လုံးဝ လိုက်ပါ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများဆိုတာ အပြန်အလှန်ဆက်စပ်မှုနဲ့ လေးစားမှု ရှိကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ဝါဒမှိုင်းတွေကြောင့် မိသားစုအချင်းချင်းကွဲ၊ ညီအစ်ကိုမောင်နှမချင်း စိတ်ဝမ်းကွဲ၊ လူမျိုးစုချင်းစိတ်ဝမ်းကွဲ နည်းမျိုးစုံနဲ့ အကွဲကွဲ အပြဲပြဲဖြစ်အောင် လုပ်ခဲ့ကြပြီးပြိ။ ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေ၊ အကြမ်းဖက်လှုပ်ရှားမှုနဲ့အတူ နီပိန်း လူငယ် ပဒက်များ ခိုကိုးရာမဲ့နေတဲ့ အခြေအနေမှာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို လုံးဝ စွန့်လွှတ်လိုက်ဖို့ ဖြစ်ပါတယ်။ နီပိန်း ပဒက်တွေမှာ အတိဒုက္ခမျိုးစုံနဲ့ စားရမဲ့ သောက်ရမဲ့ သူခိုး၊ ဓားမြ ဖြစ်လာသည့်တိုင်အောင် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေကတော့ လေတစ်လုံး မိုးတစ်လုံး အာချောင်လို့ကောင်းတုန်းပဲ။

ပြည်သူများ သတိပြုကြပါလေ - ဒေါ်စု (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်ပြေး ဝရမ်းပြေးတွေက ဒေါ်စုပုံပါ အင်္ကျီတွေ ထုတ်ရောင်းကြလိမ့်မယ်။ ဘာကမ်ပိန်း ညာကမ်ပိန်း ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံကြလိမ့်မယ်။ ပြီးရင် ရတဲ့ ငွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ နီပိန်းလေးတွေကို ငွေပေးပြီး ပြည်သူအချင်းချင်း သတ်ဖြတ်ခိုင်းတဲ့ လုပ်ရပ်တွေ လုပ်ကြလိမ့်မယ်။ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ နီပိန်း ငမိုက်သားတွေမှာလည်း ကြေးစားလူသတ်သမား လုပ်ရတာကို ပျော်မွေ့နေတယ်။ အထူးသတိပြုကြပါ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တိုင်းသည် ပြည်သူများ ကောင်းကျိုးခံစားရဖို့ မရှိပါဘူး။ အတိဒုက္ခရောက်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းကြောင့် ဆိုးကျိုးရလဒ်တွေသာ ထွက်ပေါ်လာပါတယ်။

နီပိန်း ပဒက် ငမိုက်သားလေးများကိုလည်း သတိပေးချင်ပါရဲ့လေ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ စနက်ကြောင့် နီပိန်း ပဒက် အကြမ်းဖက်သမားများ ဆင်ကန်းတောတိုး ဆက်မမိုက်ကြတော့ဖို့၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကို နိုင်ငံတော်နဲ့ တပ်မတော်က ကူညီပံ့ပိုးပေးနေတာတွေကိုလည်း အထင်အရှား သိမြင်နေရပါပြီ။ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်ခြင်းအားဖြင့် မိမိ သူတစ်ပါး နှစ်ဦးနှစ်ဝ ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)